အခန်း(7)

4.8K 410 23
                                    

မာန်​ အခန်းထဲ ဝင်​ပြီး ကုတင်​​ပေါ်လှဲချလိုက်​မိတယ်​ နွယ်​​လေးက မာန်​နဲ့ရွယ်​တူဆိုပင်​မယ့်​ မာန်​စိတ်​ထဲမှာ နွယ်​​လေးက က​လေး​လေးပဲရှိ​သေးတာ နွယ်​​လေး​ဘေးမှာ တစိမ်းတ​ယောက်​ ယှဉ်​တွဲပြီး ရပ်​လာမှာကို မာန်​ ဘယ်​လိုမှ မြင်​ကြည့်​လို့မရဘူးဖြစ်​​နေတယ်

"တီတီတီ"

"Hello ​ကို​နေ​ရောင်​ ​ပြောပါ"

မာန်​စဉ်းစား​နေတုန်း မာန်​ရဲ့အတွင်း​ရေးမှူး​နေ​ရောင်​ ဆီကဖုန်းဝင်​လာတာ​ကြောင့်​ ဖုန်းပြန်​​ဖြေလိုက်​တယ်​ မာန်​ က daddyရဲ့ royal adventure နည်းပညာcompanyကို လက်​လွှဲယူလိုက်​ပြီးကတည်းက ကို​နေ​ရောင်​ကို မာန်​ရဲ့ အတွင်း​ရေးမှူးအဖြစ်​ ခန့်​အပ်​ခဲ့တာ ကို​နေ​ရောင်​က daddyရဲ့ သက်​​တော်​​စောင့်​ ဦး​လေးမင်းမင်းက ရဲ့ တူအရင်းဖြစ်​တာ​ကြောင့်​ ​ရော ကို​နေ​ရောင်​က အရည်​အချင်းပြည့်​ဝတာ​ကြောင့်​ပါ daddyက မာန့်​အတွင်း​ရေးမှူးအဖြစ်​ ခန့်​အပ်​ခဲ့တာ​လေ ကို​နေ​ရောင်​က မာန်​ထက်​ ငါးနှစ်​​လောက်​ကြီးပြီး​တော့ စင်​ကာပူမှာ management diplomaနဲ့ အတွင်း​ရေးမှူး သင်​တန်း​တွေ ​အောင်​မြင်​ခဲ့တာ​လေ

"သခင်​​လေး ဒီ​နေ့ည Moon empireရဲ့နှစ်​ပါတ်​လည်​ပွဲကို တက်​ရမှာပါ ကျွန်​​တော်​ ပွဲတက်​ဝတ်​စုံ ပို့​ပေးလိုက်​ပါတယ်​ အစ်​ကို​လေးရံရံအတွက်​ပါ တခါတည်းပို့​ပေးလိုက်​ပါတယ်​"

"​ကျေးဇူး ကို​နေ​ရောင်​ ကျွန်​​တော်​ တကယ်​​မေ့​နေတာ daddyတို့ပါ တက်​မယ်​လို့​ပြောထားတယ်​"

"ဟုတ်​ကဲ့ သခင်​​လေး သခင်​ကြီးတို့အတွက်​ ဝတ်​စုံက အန်​ကယ်​​လေး စီစဉ်​​ပေးထားပြီးပြီ​ပြောပါတယ်​"

"အို​ကေ ကို​နေ​ရောင်​ ကျွန်​​တော်​ည 8နာရီ​လောက်​ သွားလိုက်​မယ်​"

"ဟုတ်​ကဲ့ သခင်​​လေး"

ည 8နာရီ​လောက်​မှာ Moon empireရဲ့ ပွဲကို တက်​ဖို့ ရံရံနဲ့ အတူထွက်​လာခဲ့လိုက်​တယ်​ ရံရံကို သတိုသား​လောင်းအဖြစ်​ ​ကြော်​ငြာပြီးကတည်းက မာန်​ရဲ့ပွဲတက်​​ဖော်​က ရံရံပဲဖြစ်​လာ​တော့တယ်​ ရံရံကို တဖြည်းဖြည်းနဲ့ မာန်​တို့ အသိုင်းအဝိုင်းက​ရော စီးပွား​ရေး အသိုင်းအဝိုင်းကပါ မာန်​ရဲ့ သတို့သား​လောင်းအဖြစ်​ တွဲမြင်​လာပြီ​လေ

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now