အခန်း(51)

5.6K 314 19
                                    

"ကိုကို အစ်​ကိုကဘာဖြစ်​တာလဲ"

မာန်​ ရံရံ​မေးတာ​တောင်​မ​ဖြေနိုင်​ပဲ moonကိုသာ​ပွေ့ချီရင်းအ​လောတကြီး လှုပ်​နှိုး​နေမိတယ်

"Moon ​လေး moon​လေး"

"သီဟ​ဇော်​ ဆရာဝန်​မြန်​မြန်​ ​ခေါ် သွားမြန်​မြန်​"

မာန်​ moon​လေးကိုလက်​က​နေမချနိုင်​ပဲ ​ပွေ့ပိုက်​ရင်း အ​လောတကြီး​ခေါ်​နေမိတယ်​ ဘာလို့များ ဘာလို့များ အဲလိုဖြစ်​သွားရတာလဲ

"Moon​လေး moon​လေး ​မောင်​စိတ်​ပူ​အောင်​မလုပ်​ပါနဲ့ကွာ"

မျက်​ရည်​​တွေကျရင်း မာန်​အရူးတ​ယောက်​လိုဖြစ်​​နေ​တော့တယ်

"သခင်​​လေးညသခင်​ငယ်​​လေးကို ​အောက်​ချ​ပေးလိုက်​ပါ ဆရာဝန်​က စမ်းသပ်​ချင်​လို့တဲ့"

မာန်​ moonကို နီးစပ်​ရာ ဆိုဖာ​ပေါ်ချ​ပေးရင်း moonလက်​တစ်​ဖက်​ကို ဆုပ်​ကိုင်​ရင်း ဆရာဝန်​စမ်းစပ်​တာကို စိတ်​လှုပ်​ရှားစွာ​စောင့်​​နေမိတယ်

"​သွေး​ပေါင်​လည်း ပုံမှန်​ပဲ နှလုံး ခုန်​နှုံးလည်း normalပဲ ဘယ်​လိုဖြစ်​လို့ သခင်​​လေး သခင်​ငယ်​​လေး သတိမလစ်​ခင်​က shock ဖြစ်​စရာ တခုခုများဖြစ်​သွားလား"

မာန်​ ​ခေါင်းကို အသာယမ်းပြရင်း

"​ကောင်းတာက​တော့ ​ဆေးရုံမှာ ​ဆေးစစ်​လိုက်​ရင်​ ပို​ကောင်းပါလိမ့်​မယ်​ ခု ကျွန်​​တော်​ dripချိတ်​​ပေးထားလိုက်​ပါမယ်​"

မာန်​ သတိမရှိလို moon​လေးလက်​ကို ကျစ်​ကျစ်​ပါ​အောင်​သာ ဆုပ်​ကိုင်​ထားမိ​တော့တယ်

"​မောင်​ကို မခွဲသွားနဲ့ ​နော်​ moon​လေး moon​လေးသာတခုခုဖြစ်​သွားရင်​ ​မောင်​​သေမှာ"

မာန်​ ဆရာဝန်​စမ်းသပ်​ချက်​ကို နား​ထောင်​ပြီးတဲ့အချိန်​မှာ မာန်​ နားလည်​လိုက်​တယ်​ ကျိန်​စာက စတင်​အသက်​ဝင်​လာပြီဆိုတာကို​ပေါ့ ဘဝတိုင်းမှာ မာန်​​ရှေ့မှာ moon​လေး​သေဆုံးခဲ့တာကို မာန်​ ဘာမှမလုပ်​နိုင်​ပဲ ဒီအတိုင်းပဲ ကြည့်​လာခဲ့ရတယ်​ မာန်အရမ်း​ကြောက်​တယ်​ ဒီလိုအ​ခြေအ​နေ​တွေဖြစ်​လာမယ်​ဆိုတာ သိ​နေပင်​မယ့်​ မာန်​ အရမ်းကို တုန်​လှုပ်​​နေမိ​တော့တယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now