အခန်း(49)

3.7K 270 13
                                    

"​မောင်​ အပြန်​ကြရင်​ မုန့်​သွားစားကြရ​အောင်​"

"ည​ဈေးသွားမလား"

"အင်း"

"အို​ကေ​လေ"

"ခု​တော့ အတန်းပြန်​တက်​ကြမယ်​"

ည​နေ ​ကျောင်းဆင်းတာနဲ့ moonနဲ့အတူတူ ကားနဲ့ပဲပန်​လာလိုက်​တယ်

"Moon​လေး ည​ဈေးက ​စော​သေး​တော့ ဖွင့်​ပါအုံးမလား"

"အဲဒါဆို ကိုယ်​တို့ ​ရွှေဆံ​တော်​ဘုရားကို ဝင်​ရ​အောင်​​လေ"

"အင်း"

"လမ်း​လျှောက်​တက်​မယ်​ ဘိုးဘိုး​အောင်​ ဓာတ်​ခန်း​ဘေးက"

"သခင်​​လေး သ​ဘောအတိုင်းပါခင်​ဗျာ"

"ဟားဟား ​မောင်​က​တော့​လေ"

နှစ်​​ယောက်​သား သ​ပြေပန်းစည်းနှစ်​စည်းဝယ်​ပြီး ဘုရားရင်​ပြင်​​တော်​​ပေါ်ကိုဖြည်းဖြည်းချင်း တက်​လာလိုက်​​တော့တယ်​ တစ်​​ယောက်​လက်​ကို တစ်​​ယောက်​ ဆုပ်​ကိုင်​ထားတာ​ရင်း တ​ယောက်​မျက်​နှာ တစ်​​ယောက်​ကို ​ငေးကြည့်​ရင်းတက်​လာတာ ခုဆို ဘုရားရင်​ပြင်​​တော်​​ပေါ်​တောင်​ ​ရောက်​လာပြီ​လေ

Moonက Wednesday သား ​မောင်​က Thursday သားပင်​မယ့်​ moonတို့နှစ်​​ယောက်​လုံး လူရှင်းတဲ့ friday cornerမှာပဲ ဘုရားပန်းကပ်​လှူပြီး ဘုရားထိုင်​ရှိခိုးဖြစ်​​တော့တယ်

"​မောင်​နဲ့ အသက်​ထပ်​ဆုံးအတူတူ​နေရပါ​စေ"

"Moon​လေးနဲ့ အတူ အသက်​ထပ်​ဆုံးအတူတူ​နေရပါ​စေ"

နှစ်​​ယောက်​လုံးဆု​တောင်းက တစ်​သံတည်းထွက်​လာတာ​ကြောင့်​ ဘုရားဝတ်​ပြုရင်း တစ်​​ယောက်​ကို တစ်​​ယောက်​ ကြည့်​လိုက်​မိကြ​တော့တယ်​ အဲဆု​တောင်းက moonတို့နှစ်​​ယောက်​လုံး လိုချင်​တဲ့ဆု​တောင်း​လေးဆိုတာ moonတို့နှစ်​​ယောက်​ထက်​ ဘယ်​သူကပိုသိနိုင်​ပါ့မလဲ​နော်

"​မောင်​"

"​ပြော​လေ moon​လေး"

"တက်​တူးထိုးကြမလား"

"ဘယ်​လို ဘာကိုတက်​တူးထိုးချင်​တာလဲ moon​လေးရဲ့ရုတ်​တရက်​ကြီး"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now