အခန်း(18)

3.5K 299 24
                                    

ဒီ​နေ့က မာန်​တို့​ကျောင်းတက်​တာ ဒုတိယ​မြောက်​​နေ့​ပေါ့ ဒီ​နေ့​တော့ သီဟတို့​ဆိုင်​ကယ်​နောက်​ကပဲ လိုက်​​တော့မယ်

"သခင်​​လေး"

"​အော်​ ဦးထွန်း ဘာကိစ္စလဲ"

ဦးထွန်းက ခုမာန်​တို့​နေတဲ့ ပြည်​အိမ်​က ခြံ​စောင့်​ ဦး​လေးကြီး​လေ ဦးထွန်းက လက်​ထဲမှာ မုန့်​ထုတ်​​တွေ​တော်​​တော်​များများ ဆွဲထားတာ ​တွေ့လိုက်​ရတယ်

"သခင်​​လေး သူငယ်​ချင်းလို့​ပြောတယ်​ မနက်​စာ လာပို့တာတဲ့ ​ကော်​ရည်​ ​ခေါက်​ဆွဲနဲ့လက်​ဖက်​ရည်​တဲ့"

"သူငယ်​ချင်း"

မာန်​ ဦးထွန်း​ပြောတဲ့ သူငယ်​ချင်းဆိုတဲ့ စကား​ကြောင့်​ ​တော်​​တော်​​လေး စဉ်းစားလိုက်​ရတယ်​ မာန်​ဒီ​ရောက်​တာမှ သုံး​ရက်​မပြည့်​​သေးဘူး ဘယ်​က သူငယ်​ချင်းက မာန်​ကို မုန့်​ပို့မှာလဲ

တောင်​ ​တောင်

ဖုန်းက messageဝင်​တဲ့ အသံ​ကြောင့်​ မာန်​ဖုန်းကိုကြည့်​လိုက်​​တော့မှာ သူငယ်​ချင်းဆိုတာ ဘယ်​သူဆိုတာ မာန်​သိလိုက်​တယ်

"ကိုယ့်​ရဲ့ ​မောင်​ မင်္ဂလာနံနက်​ခင်း​နော်​"

"မနက်​က ကိုယ်​ ​ကော်​ရည်​ သွားစား​တော့ ​မောင့်​ကို သတိရလို့ မနက်​စာ လာပို့​ပေးတာ"

"​ကော်​ရည်​ ကပြည်​ရဲ့နာမည်​ကြီး အစားအစာထဲကတခုပဲ​မောင်​ရဲ့ လက်​ဖက်​ရည်​လည်း ​ကောင်းတယ်​"

"ဆိုရိုးတခုရှိတယ်​ ​မောင်​ရဲ့ အစား​ကောင်းစားရရင်​ အချစ်​ရဆုံးသူကို သတိရတတ်​တယ်​တဲ့ အဲဒါ​ကြောင့်​ ဖြစ်​မယ်​ကိုယ်​က​တော့ အစား​ကောင်းစားရတာနဲ့ ​မောင့်​မျက်​နှာ​လေးကို တန်းသတိရတာ"

"​ကောင်း​ကောင်းစား​နော်​ ကိုယ့်​ရဲ့​မောင်​ ​ကျောင်း​ရောက်​မှ​တွေ့မယ်​"

"​အော်​ လက်​ရှည်​ဝတ်​ခဲ့​နော်​ ​မောင်​အသား​တွေ​နေ​လောင်​လို့ ရဲ​နေတာမြင်​ရင်​ ကိုယ့်​နှလုံးသား​တွေ အပူ​လောင်​သလို ခံစားရလို့ပါ ဂရုစိုက်​​နော်​ ​မောင်​ ချစ်​တယ်​"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now