Part 1

7.1K 521 11
                                    

Uni

" မိန်းကလေးတစ်ယောက်ဖြစ်ပြီး စိတ်ထင်ရာတွေလုပ်မနေနဲ့ ကံ့ကော်လှိုင် ။ အနေအထိုင်ဆင်ခြင်စမ်း "

ဦးမြင့်မောင် သမီးဖြစ်သူကို ဆူငေါက်နေခြင်းဖြစ်သည် ။

" လှိုင် ဘာများလုပ်မိလို့လဲ "

" ကိုယ့်ကို သဘောကျနေပါတယ်ဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ ဧည့်ခန်းထဲမှာ ရယ်ရယ်မောမော စကားပြောပြီး အရက်ခွက်ပါငှဲ့ပေးနေတာကောင်းတယ်လို့များထင်နေလား သမီး "

" လူပျိုနဲ့အပျိုပဲ ဘာဖြစ်လဲ ဖေဖေရယ်။ သူများယောက်ကျားကို လိုက်လုနေတာမှ မဟုတ်တာဘဲ "

ကံ့ကော်လှိုင် ဧည့်ခန်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ ဒေါ်မြမော်ကို တစ်ချက်ဝေ့ဝိုက်ကြည့်ပြီးပြောလိုက်သည် ။ နှုတ်ခမ်းနီရဲရဲတို့မှလည်း စီးကရက်ငွေ့တွေကို ရှိုက်ထုတ်လျက်..

ဒေါ်မြမော်ကတော့ ခေါင်းငုံ့ပြီး လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်သည် ။

" ဘာပြောတယ် ကံ့ကော်လှိုင် ။ အဖေ စိတ်မတိုချင်ဘူးနော် "

" လှိုင်က မှန်တာပြောတာလေ ။ လှိုင်တို့က လူတချို့လို ဖောက်ပြန်နေတာမျိုးမှ မဟုတ်ဘဲ "

" တောက်... "

" ဒါနဲ့ လှိုင် မနက်ဖြန် မန္တလေးကိုသွားမယ် ။ ဦးထွန်းတို့ဆီကို မရောက်တာလည်း တစ်နှစ်လောက်ရှိပြီ "

ဖခင်ဖြစ်သူ ဆူနေပေမယ့် လှိုင်ကတော့ ဆူနေသည်လို့ပင်မထင် ။

" ဖေဖေ လိုက်မပို့လည်း လှိုင် တစ်ယောက်တည်း သွားမယ် "

ကံ့ကော်လှိုင်စကားကို ခပ်ပြတ်ပြတ်ပြောပြီး ဧည့်ခန်းထဲကနေ ထကာ အပေါ်ထပ်ကို တတ်သွားသည် ။

* * * * * * * * * * * * * * * * * * * * * * * *

မနက်ခင်းစောစောမှာ ကံ့ကော်လှိုင်တစ်ယောက် တစ်နေရာကို သွားဖို့ပြင်ဆင်နေသည် ။ ကားလေးထဲကို ခရီးဆောင်အိတ်တွေတင်နေသည့် လှိုင့်ကို ဒေါ်မြမော် နားမလည်သလိုကြည့်နေမိသည် ။ သို့ပေမယ့် လှိုင့်ကို ဒေါ်မြမော် စကားသိပ်မပြောရဲပေ ။ သို့ပေမယ့် စိတ်ပူတာကြောင့် လှိုင့်ဘေးကို သွားလိုက်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now