Part 8

4.1K 410 7
                                    

Uni

မအိပ်ခင် ငိုထားတာကြောင့် ထွေးရဲ့မျက်လုံးတွေက မို့အစ်နေသည် ။

" အမေတို့မေးရင် ဘယ်လိုပြန်ဖြေရပါ့မလဲ "
ထွေး မှန်ထဲက ကိုယ့်မျက်နှာကို ကြည့်ပြီးပြောလိုက်သည် ။

" သမီးရေ အိပ်ယာမထသေးဘူးလား "
အခန်းအပြင်က ဒေါ်ခင်ခင်ရဲ့အော်သံကြောင့် ထွေးဘာလုပ်ရမှန်းမသိပင်ဖြစ်သွားရသည် ။

" နိုးပြီ မေမေ ။ ထွေး ဒီနေ့မနက် နည်းနည်းနေမကောင်းလို့​ ဆေးခန်းကို နေ့လည်မှလာမယ်လို့ အစ်ကို့ကိုပြောလိုက်ပါဦး ။ ဆေးထိုး ၊ ဆေးသောက်ဖို့ လိုတဲ့အခြေအနေမဟုတ်ဘူးလို့ ။ နုံးပဲနုံးတာလို့ပါ ပြောလိုက်ဦး မေမေ "

" အေးအေး  "

" ဟူး.. "
ထွေး သက်ပြင်းတစ်ချက်ချလိုက်သည် ။

ထွေး အချိန်အတော်ကြာတဲ့အထိ အခန်းထဲကနေ မထွက်ဘဲနေနေလိုက်သည် ။ နှစ်နာရီလောက် ထိုင်နေရာကနေ ဗိုက်ဆာလာပြီး ထွေး အိမ်အောက်ထပ်ကို ဆင်းလာလိုက်သည် ။

ဒေါ်ခင်ခင်ကတော့ အိမ်အလုပ်တွေနှင့်သာ အလုပ်ရှုပ်နေသည် ။ ထွေးလည်း ထမင်းစားခန်းထဲကို ဝင်ကာ ထမင်းစားပွဲဆီကို သွားလိုက်သည် ။

" ငါးကြော်နဲ့ ချဥ်ပေါင်ရွက်ချက် ...ဒါပဲလား.. "
ထွေး အုပ်စောင်းကိုလှပ်ရင်းပြောလိုက်သည် ။
ဗိုက်လည်း အရမ်းဆာနေပြီမို့ ထမင်းမြန်မြန်ခူးပြီး ထမင်းစားဖို့ပြင်လိုက်သည် ။

ခင်ထွေးမွန် ထမင်းစားရင်းလည်း လှိုင့်အကြောင်းကို တွေးနေပြန်သည် ။

" ခင်ထွေးမွန် "

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် ထွေးမျက်လုံး​တွေပြူးထွက်သွားသည် ။ ထမင်းကို ပလုတ်ပလောင်းစားနေတာမို့ ဘေးနားလာရပ်နေတဲ့ လှိုက်ကို စကားပင်မပြောနိုင် ။ မျက်လုံးအဝိုင်းသားနဲ့သာ ကြည့်နေလိုက်သည် ။

" တို့ မင်းကိုလာကြည့်တာ "  
ကံ့ကော်လှိုင် ထွေးခေါင်းလေးကို လက်ကလေးနဲ့ဖွဖွလေးထိလိုက်သည် ။

ထွေးမျက်နှာက ပြုံးချင်ချင်ဖြစ်သွားပေမယ့် ပလုတ်ပလောင်းနဲ့မို့ ကောင်းကောင်းပြုံးမရ ။ 

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now