Part 9

3.9K 422 22
                                    

Uni

" အငယ်မရေ...ထွက်ခဲ့တော့ဟ "

" လာပြီ အစ်ကိုရဲ့ "
ထွေး အခန်းပြင်ကို ထွက်လာလိုက်သည် ။

" အငယ်မ နင် အခုတလောအလှတွေပိုပြင်လာတယ်နော် ။ ဘာလဲ ... ချစ်သူတွေဘာတွေရှိနေပြီလား "
မင်းလွင် ထွေး ပုခုံးကိုလက်နဲ့တို့လိုက်သည် ။

" အစ်ကိုကလည်း ပေါက်ကရတွေပြောမနေနဲ့ ။ သွားရအောင် ။ ပြီးပြီ  "

" အေးပါကွာ "

မင်းလွင် ခပ်မြန်မြန်ပဲ အောက်ထပ်ကိုဆင်းသွားလိုက်သည် ။

" ဟူး "
ထွေး လေကို မသိမသာမှုတ်ထုတ်လိုက်သည် ။

ဆေးခန်းမှာလည်း ခါတိုင်းထက်ပိုပြုံးနေတဲ့ ထွေးကို မင်းလွင် ခဏခဏ သတိထားပြီးကြည့်မိနေသည် ။

" အငယ်မရေ..ငါပြောစရာရှိတယ် "

" ဟုတ် "
ထွေး မင်းလွင်ဘေးကိုသွားထိုင်လိုက်သည် ။

" ကံ့ကော်လှိုင်နဲ့ငါ့ကို အောင်သွယ်မပေးချင်ဘူးလား "

" ဟင် "
ထွေး ခေါင်းကိုငုံ့မိသွားသည် ။

" အောင်သွယ်တော် လုပ်ပေးစမ်းပါဆိုဟယ် "

" ထွေး... ထွေး မလုပ်ပေးချင်ဘူး အစ်ကို "

" ဘာလို့လဲ ။ မောင်နှမချင်း တစ်ယောက်ကို တစ်ယောက်ကူညီရမယ်လေ "

" ဟို ... မမလှိုင်က ဆရာဝန်တွေကို သဘောမကျဘူး အစ်ကို "

" နင် အောင်သွယ်မပေးချင်တိုင်း ပေါက်ကရတွေပြောမနေနဲ့ "

" အတည်ပြောတာ အစ်ကိုရဲ့ "

" တော်ပါ ။ နင်က အားကိုမကိုးရဘူး "

" ဟင်း..."
​ထွေး မတ်တပ်ရပ်ပြီး သက်ပြင်းလေးချလိုက်သည် ။

အလုပ်တွေ ကူလုပ်ရင်း ထွေး မင်းလွင်ကို မလုံမလဲ ခဏခဏကြည့်မိနေသည် ။

" အစ်ကို ထွေး ပြန်တော့မယ် "

" နေ့လည်ပဲရှိသေးတယ်လေ "

" ထွေး ဆုဝေနဲ့ချိန်းထားလို့ "

" ဟုတ်လို့လား "

" ဟုတ်... ဟုတ်ပါတယ် အစ်ကိုကလည်း "

" အေးပါ ဟုတ်ရင်လည်းပြီးသာပဲ "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now