Part 7

3.7K 394 8
                                    

Uni
ခြံထဲမှာ ပန်းပင်တွေရေးလောင်းနေတဲ့ ဆုဝေတစ်ယောက် သူ့ဘေးကို ငူငူငိုင်ငိုင်ရောက်လာတဲ့ ထွေးကိုမြင်ပြီး ကြောင်တောင်တောင်ပင်ဖြစ်သွားလေသည် ။

" ဟဲ့ အသံမပေး ဘာမပေးနဲ့ ။ နင့်ဟာက ဘယ်လိုကြီးတုန်း "

" အားး ငါလည်းမသိတော့ဘူး "
ထွေးပုံစံက စိတ်ရှုပ်နေဟန်ရှိသည် ။

" ဘာတွေများဖြစ်လာလို့လဲ "

" ငါ နင့်ကို ပြောစရာတွေ အများကြီးရှိတယ် ။ အဲ့တာက ရင်...ဖွင့်စရာလို့ပြောရမလားပဲ "
ထွေး မျက်လုံးကတောင်ကြည့်မြောက်ကြည့် ။

" အေးပါ အေးပါ ။ ဒါဆို အခန်းထဲပဲ သွားပြောရအောင်လေ "

ဆုဝေတို့အိမ်က တစ်ထပ်တိုက်ခပ်ကျယ်ကျယ်လေးဖြစ်သည် ။ ဆုဝေကလည်း တစ်ဦးတည်းသော သမီးလေးဖြစ်သည် ။

" လာလာ "
ဆုဝေကပဲ ရှေ့ကဦးဆောင်က ထွေးကို သူ့အခန်းထဲခေါ်သွားလိုက်သည် ။

အခန်းထဲရောက်တော့ ထွေး ဆုဝေအိပ်ယာပေါ်ကို ဘုံးခနဲဝင်လှပစ်လိုက်သည် ။

အခန်းပိုင်ရှင်ဖြစ်တဲ့ ဆုဝေကတော့ ခုံလေးတစ်ခုံပေါ် ဝင်ထိုင်လိုက်သည် ။

" ဆုဝေ ငါဘယ်လိုလုပ်ရမလဲ "

" ဘာကိုလဲဟ "

" ငါ မမလှိုင်နဲ့ မတွေ့ရတာလည်း ၄ ရက် ရှိပြီ "

" အင်း အဲ့တာဘာဖြစ်လို့လဲ "

" မသိဘူး ။ ငါ အရမ်းတွေ့ချင်တာပဲ "

" ဘယ်လိုဖြစ်တာလဲ ။ ငါနဲ့တောင် တစ်လလောက်မတွေ့ဘဲနေနိုင်တာကို ။ သူနဲ့ကျမှဘာဖြစ်တာလဲ "

" အဲ့တာကြောင့်ပြောတာ ။ တစ်ခုခုထူးဆန်းနေတာမဟုတ်ဘူးလား ။ ငါ.. ငါ မမလှိုင်ကို ချစ်နေတာများလား ။ လိင်တူနှစ်သက်တာမျိုးလေ "
ထွေး လှဲနေရာမှ ထထိုင်ပြီး ဆုဝေကို မကြည့်ရဲကြည့်ရဲ လှမ်းကြည့်လိုက်သည် ။

" နင် တကယ်ကြီးလား "
ဆုဝေကတော့ မျက်လုံးတွေပင် ပြူးနေပြီဖြစ်သည် ။

" အင်း တကယ် "

" တကယ်တော့ ငါလည်း သတိထားမိတယ် ။ နင်က အစ်မကြီးချောချောတွေကိုဆို တအားလိုက်ကြည့်တတ်တာလေ "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now