Part 14

3.1K 310 12
                                    

Uni

အမေဖြစ်သူက သဘောမကျတာကြောင့် ခင်ထွေးမွန် လှိုင့်ဆီသို့ မသွားဖြစ်သည်မှာ တစ်ပတ်ခန့်ပင်ကြာပြီဖြစ်သည် ။ ထိုတစ်ပတ်ခန့်အချိန်အတွင်း ထွေးမျက်နှာကြည်ကြည်လင်လင်လုံးဝမရှိ ။ အစားလည်းကောင်းကောင်းပင်မစား ။ အစ်ကိုနှင့်အမေကိုလည်း စကားသိပ်မပြောပေ ။

ဒေါ်ခင်ခင့်ဘဝမှာ အရေးကြီးသည့်အရာမှာ သားနှင်းသမီးသာဖြစ်သည် ။ ခင်ထွေးမွန် မှိုင်နေတော့ ဒေါ်ခင်ခင်လည်း နည်းနည်းမှ စိတ်မချမ်းသာရပေ ။ 

ညစာကို စိတ်မပါစွာပင် စားနေသည့် ခင်ထွေးမွန်ကိုကြည့်ကာ ဒေါ်ခင်ခင် စိတ်မကောင်းဖြစ်နေရသည် ။ ခင်ထွေးမွန်ကတော့ ထမင်းစားပြီးသည့်အခါမှာလည်း စကားတစ်ခွန်းမျှပင်မပြောဘဲ  အခန်းထဲကိုသွားကာ အိပ်ယာပေါ်လှဲနေလိုက်သည် ။

ထမင်းစားခန်းထဲတွင် ကျန်နေခဲ့သည့် မင်းလွင်ကတော့ အကြောင်းစုံဘာမှမသိတာကြောင့် နားမလည်နိုင်ဖြစ်နေရသည် ။

" အငယ်မက ဘာဖြစ်နေတာလဲ အမေ "

" မပြောတတ်ဘူး သားရေ ။ နောက်မှ မေမေသွားမေးကြည့်ဦးမယ် "

" ဟုတ် "

မင်းလွင် ထမင်းကိုသာ အာရုံစိုက်ပြီးဆက်စားနေလိုက်သည် ။ 

ညစာစားပြီးတော့ ဒေါ်ခင်ခင်ခင်တစ်ယောက် ထွေးအခန်းဆီသို့ သွားလိုက်သည် ။

" မေမေ ဝင်ခဲ့မယ်နော် သမီး "

" ဟုတ် "

ခင်ထွေးမွန် လှဲနေရာမှ ထထိုင်လိုက်သည် ။

ဒေါ်ခင်ခင် အခန်းထဲကို ဝင်လိုက်ပြီးနောက် ခင်ထွေးမွန်ဘေးတွင် ထိုင်လိုက်သည် ။

" ဝမ်းနည်းနေတာလား သမီး "

ထွေး ခေါင်းကိုခပ်ဖွဖွပင် ညှိိမ့်ပြလိုက်သည် ။

" ဘာလို့လဲ ။ ကံ့ကော်လှိုင်ကြောင့်လား "

" မမလှိုင်က ထွေးကိုပျော်ရွှင်စေပါတယ် ။ မမလှိုင်နဲ့ဝေးရမယ်ဆိုရင်တော့ ထွေး ပျော်နိုင်တော့မှာမဟုတ်ဘူး ။ ပျော်ရွှင်မှုတွေက တစ်သက်လုံးကိုပျောက်ကွယ်သွားမှာ "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now