Part 11

3.8K 374 9
                                    

Uni
အခန်းတစ်ခန်းမှ ငိုရှိုက်သံတိုးလျလျတို့ထွက်နေသည် ။ ထိုအခန်းတံခါးရှေ့သို့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် ခြေကိုဖွဖွနင်းကာ ရောက်လာခဲ့ပြီး သူ့ရဲ့သေးသွက်သွယ်လက်တွေနဲ့ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည် ။ ထို့နောက်  အခန်းထောင့်တစ်နေရာမှာထိုင်ကာ ငိုရှိုက်နေတဲ့ အမျိုးသမီးထံကိုသွားကာ မျက်နှာချင်းဆိုင်နေရာမှာ ဝင်ထိုင်လိုက်သည် ။

ငိုရှိုက်နေတဲ့အမျိုးသမီးက ကလေးမငယ်လေးကို
မော့ပြီးကြည့်လိုက်သည် ။

" သမီးကတော့ မေမေ့ကို ချစ်ရမယ်နော် "
အမေဖြစ်သူက ငိုရှိုက်ပြီးပြောလိုက်သည် ။

" မျက်ရည်တွေ... မျက်ရည်တွေ ကျလို့မဖြစ်ဘူးလေ "
ကလေးမလေး အသံက တုန်ရီနေသည် ။ ငိုချင်ပေမယ့် မျက်ရည်တွေကျမလာအောင်လည်း အားတင်းပြီးထိန်းထားနေသည် ။ မိခင်ဖြစ်သူရဲ့ပါးပြင်ပေါ်က မျက်ရည်တွေကိုလည်း စိုးရိမ်းတကြီးသုတ်ပေးနေသည် ။

ရုတ်တရက် မျက်ရည်တွေက နီရဲရဲဖြစ်နေတာကို ကလေးမလေး သတိထားမိသွားသည် ။

" သွေး...သွေးတွေ..သွေးတွေ..အား "
မောဟိုက်မှုတွေနဲ့အတူ ကံ့ကော်လှိုင်အိပ်ယာမှ လန့်နိုးလာသည် ။ အခန်းရဲ့နံရံကို
တစ်ကိုယ်လုံးချွေးစေးတွေထွက်နေတာကို သတိထားမိပြီး လှိုင်မျက်မှောင်အနည်းငယ်ကြုတ်သွားသည် ။ ထို့နောက် လှိုင် ထထိုင်လိုက်ကာ အခန်းနံရံကို အကြောင်းအရင်းမဲ့စွာ အချိန်အတော်ကြာစိုက်ကြည့်နေပြန်သည် ။

" အဓိပ္ပါယ်မရှိလိုက်တဲ့ မျက်ရည်တွေ " လှိုင် တိုးတိုးကလေးရေရွတ်လိုက်သည် ။ လှိုင့်မျက်နှာက တင်းနေသော်ငြား မျက်စုံးအစုံတို့က မှိုင်းပျပျ ။

*********************************

နွေရာသီညနေခင်းမို့ ပတ်ဝန်းကျင်တစ်ခွင်လုံး ပူပြင်းပြင်းရှိလှသည် ။ ကောင်ကင်းပြာပြာမှာ​လည်း တိမ်စိုင်ဖြူဖွေးဖွေးအနည်းငယ်မျှသာရှိနေပြန်သည် ။ 

ဝရံတာမှာ မတ်တပ်ရပ်ကာ လှိုင် ခြံထဲက ကံ့ကော်ပင်တွေကို သဘောကျစွာကြည့်နေသည် ။ လှိုင့်ပါးပြင်တွေပေါ်ကို ပူနွေးနွေလေတစ်ချက်ဖြတ်တိုက်သွားသည် ။ နွေရာသီကို ချစ်သူအဖို့ နွေဟာအမြဲတစေလှနေမည်ပင် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောOù les histoires vivent. Découvrez maintenant