Part 6

3.7K 402 6
                                    


Uni
" အငယ်မရေ... အပြင်ခဏထွက်ခဲ့ဦးဟေ့ "

" ဟုတ်ဟုတ် "
ခင်ထွေးမွန် သနပ်ခါးလိမ်းနေရင်း ပြန်ဖြေလိုက်သည် ။

ထွေး အခန်းတံခါးကို ဖွင့်ကာ အခန်းရှေ့က သူ့အစ်ကိုကို နှုတ်ခမ်းမဲ့ပြလိုက်သည် ။

" ထွေး ပြင်လို့ဆင်လို့မပြီးသေးဘူး အစ်ကိုရဲ့ "

" ပြင်မနေနဲ့တော့ ။ ပြင်လည်း ငဖောင်ရိုးရုပ်ဆိုးပဲ ။ လှလာမှာမဟုတ်ဘူး "
မင်းလွင် ထွေးကိုစလိုက်သည် ။

" အစ်ကိုကလည်း... "

" ဘာမှပြင်မနေနဲ့ ။ ဒီနေ့ ဆေးခန်းကိုပိတ်ထားတယ် "

" ဘာလို့လဲ အစ်ကိုရဲ့ "

" ဦးထွန်းအိမ်က ဧည့်သည်ကို မန္တလေးမြို့အနှံလိုက်ပို့ရအောင်လို့လေ ရောက်တုန်းရောက်ခိုက်လေး "
မင်းလွင်းမျက်နှာက မိုရသလို ။

မင်းလွင့်စကားကြောင့် ထွေးမျက်နှာ ရုတ်တရက်ပျက်သွားသည် ။

" မျက်နှာက ဘာဖြစ်တာလဲဟ ။ နင့်ကိုရော အဖော်ခေါ်မှာပါ ။ ငါက သူနဲ့ သိပ်မှ မခင်သေးဘဲ "

" ဟို.. ဘာမဖြစ်ပါဘူး ။ အလုပ်တွေရှုပ်အောင်အစ်ကိုရယ် ။ ဘာလို့လိုက်ပို့နေမှာလဲ ။ "
ထွေး လှိုင့်ကို အစ်ကိုဖြစ်သူနှင့်ပင် ပေးမခင်ချင်ဖြစ်နေသည် ။

" အလိုက်တာ အငယ်မရယ် ။ နင်နဲ့သူ ယောင်းမတော်ရအောင် ငါကြိုးစားမလို့ဟ "
မင်းလွင်စကားကြောင့် ထွေး ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလိုခံစားလိုက်ရသည် ။

" ထွေး ခေါင်းနည်းနည်းမူးနေတယ် အစ်ကိုရယ် ။ ဒီနေ့ အစ်ကို ဆေးခန်းပဲသွားလိုက်ပါ့လား ။ မမလှိုင်ဆီကို မနက်ဖြန်မှ ထွေးနဲ့အတူတူသွားတာပေါ့ "
ခင်ထွေးမွန်အသံက ဖျော့တော့တော့ ။

" နင်မလိုက်လည်းနေ ။ ငါပဲသွားမယ် "
အစ်ကိုဖြစ်သူရဲ့စကားကြောင့် ခင်ထွေးမွန် မျက်လုံးပင်ပြူးသွားရသည် ။

" ဘယ်ကောင်းမလဲ အစ်ကိုရဲ့ ။ ထွေးပါလိုက်ခဲ့မယ် "
ထွေး ပြာပြာသလဲပြောလိုက်သည် ။

" ပြောတော့ခေါင်းမူးနေတယ်ဆို "

" နည်းနည်းပဲမူးတာပါ ။ ဘာမဖြစ်ပါဘူး "
ထွေး ခေါင်းငုံ့ပြီးပြောလိုက်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now