Part 23

3.4K 296 23
                                    

Uni

" အန်တီနု တောင်းပန်ပါတယ် သမီးရယ် "

ဒေါ်နုယဥ်၏အသံက တိုးလျသော်ငြား လှိုင် ကောင်းကောင်းကြရပါသည် ။

" တောင်းပန်ပါတယ်တဲ့လား ၊ ဘာလို့များလဲ အန်တီနုရယ် ။ ဘာလို့များ လှိုင့်ကို ဖုံးကွယ်ခဲ့ရသလဲ
။ ရှုပ်ကုန်ပြီ သိလား အန်တီနုရဲ့၊ ရှုပ်ကုန်ပြီ ။ မဆိုင်တဲ့သူတွေပါ နစ်နာကုန်တော့မယ် " လှိုင့်မျက်ဝန်းတို့မှာ မျက်ရည်စတို့က ခိုတွဲနေသည် ။ အသံတို့က တည်ငြိမ်သော်ငြား ဝမ်းနည်းသည့်အငွေ့အသက်တို့က ဖုံးမရဖိမရပါနေပေသည် ။

လှိုင်ပြောသည့် မဆိုင်တဲ့သူတွေကို ဒေါ်နုယဥ်ခန့်မှန်းမိပါသည် ။

လှိုင် အိပ်ယာပေါ်မှာ အိပ်ပျော်နေသည့်ကလေးငယ်ကို မျက်တောင်မခတ်ကြည့်နေမိသည် ။ လှိုင်က ထိုကလေးရဲ့ဘေးမှာ ငြိမ်ငြိမ်ကလေးထိုင်နေသည် ။

" ယမင်းငယ်လေးက လှိုင့်သမီးတဲ့လား ။ ဖြေပါဦး အန်တီနုရယ် ၊ ဖြေပါဦး " မျက်ရည်ကျနေသည့်ကြားမှပင် လှိုင်ပြုံးဖြစ်အောင်ပြုံးလိုက်သေးသည် ။ လှိုင့်ရင်ထဲတွင် မေတ္တာပန်းတို့က အဆုံးအစမရှိပွင့်လန်းလာသည် ။ ထိုမေတ္တာပန်းတို့က ယမင်းငယ်လေးအတွက်ပင်ဖြစ်ချေသည် ။

" မေ တောင်းဆိုခဲ့လို့ပါကွယ် ။ သမီးရဲ့ အရှက်သိက္ခာအတွက် မေက တောင်းဆိုခဲ့လိုပါကွယ် "

အိပ်ယာဘေးက ခပ်လှမ်းလှမ်းကခုံပေါ်တွင် ဒေါ်နုယဥ် ဝင်ထိုင်လိုက်သည် ။

ဒေါ်နုယဥ်စကားကြောင့် လှိုင် မျက်မှောင်ကြုတ်မိသွားသည် ။

" မေမေက ဘာတောင်းဆိုခဲ့လို့လဲ "

" မေက သမီးကို အိမ်ထောင်မရှိဘဲ ကလေးမရစေချင်ဘူး ။ သမီးရဲ့ သိက္ခာအတွက်ရော ၊ ကလေးအတွက်ရော တွေးပြီးတော့ အန်တီနုပဲဒီကလေးကိုမွေးစားလိုက်ပါတဲ့လေ ။ ဒါပေမယ့် အန်တီနု ဒီလိုမလုပ်ချင်ခဲ့ပါဘူး ။ ဒါပေမယ့် သမီးရဲ့စိတ်ကျန်းမာရေးအခြေအနေက ကလေးကိုစောင့်ရှောက်ဖို့ အဆင်မပြေနိုင်ဘူးထင်လို့ အန်တီနု ဒီလိုတွေလုပ်လိုက်ရတာပါ "

လှိုင် ဒေါ်နုယဥ်ပြောသမျှကို ဆိတ်ဆိတ်ကလေးနားထောင်နေသည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now