Part 21

3.2K 308 8
                                    

Uni

စာအုပ်စင်က သပ်သပ်ရပ်ရပ်ရှိလွန်းလှသည် ။ ထွေး စာအုပ်လေးတွေကိုကြည့်ပြီး သဘောကျနေမိသည် ။

" မမလှိုင်က စာအုပ်တွေဖတ်ရတာ အရမ်းသဘောကျတာပဲလား "

" အင်း ။ စာအုပ်တွေက တို့ကို စိတ်သက်သာရာရစေတယ်လေ ။ ဒါပေမယ့်... "

" ဒါပေမယ့် ဘာဖြစ်လဲ ၊ မမလှိုင် "

" အခုတော့ စာအုပ်တွေထက် မင်းရဲ့စိတ်ကိုပဲပိုဖတ်ချင်လာတယ် ။ မင်းရဲ့စိတ်ကို ​အမြဲပျော်စရာတွေနဲ့ပဲပြည့်နေစေချင်တယ် ။ မင်းရဲ့စိတ်နဲ့ခန္ဓာကို အရိပ်တကြည့်ကြည့်နဲ့ကြည့်နေရတာကို သဘောကျတယ် ၊ ထွေးငယ် " လှိုင့်အသံက ကြည်သာညက်ညောလွန်းသည် ။

လှိုင့်မျက်ဝန်းတွေက ဆွဲဆောင်မှုရှိသည် ။ ညို့အားပါသည်ဆိုလျှင် ပိုမှန်ပေမည် ။ ထို့ကြောင့်ပင် ထွေး လှိုင့်မျက်ဝန်းတွေကို ယခုအချိန်တိုင်အောင် ရဲရဲကြည့်ဖို့ခက်နေသေးသည် ။ ရဲရဲကြည့်မိပြန်လျှင်လည်း ထွေးဟာ အဲ့ဒီမျက်ဝန်းထဲ နစ်ဝင်သွားရပြန်သည် ။

" တို့ ပြောနေတာကြားလား ထွေးငယ် ။ မတုန်မလှုပ်နဲ့ကွယ် " လှိုင် ထွေး ပါးလေးကိုဖွဖွကိုင်လိုက်သည် ။

" ဘယ် လှုပ်နိုင်မလဲ ။ ထွေးရဲ့စိတ်တွေကို မမလှိုင်ရဲ့မျက်ဝန်းတွေက ညို့ယူသွားတာကို "

ခင်ထွေးမွန်စကားကြောင့် လှိုင့်မျက်နှာက ပြုံးရိပ်သန်းလျက် ။

" အတူတူနေတဲ့အချိန်ကျ တို့ကို စန္ဒယားတီးပြန်သင်ပေးဦး ၊ ထွေးငယ် "

" သင်ပေးမှာပါ့ ။ မမလှိုင်ရဲ့လက်ချောင်းသွယ်သွယ်တွေ စန္ဒယားခလုတ်တွေပေါ်မှာ ပြေးလွှားကခုန်နေတာကို ထွေး မြင်ချင်လွန်းလိုက်တာ "

" မင်း မြရင်ရမှာပါ ။ မင်းအမျိုးသမီးက မင်းလိုအင်မှန်သမျှကိုဖြည့်စည်းပေးမှာမို့ "
ကံ့ကော်လှိုင်က အားကိုးယုံကြည်ဖွယ်ကောင်းအောင်ပြောတတ်လွန်းသည် ။

" ဒေါက်.. ဒေါက် "
တံခါးခေါက်သံကြားတာကြောင့် ထွေး တံခါးကိုသွားဖွင့်ပေးလိုက်သည် ။

" အန်တီနဲ့အပြင်ကိုလိုက်ဦမလား
သမီး ။ အိမ်အတွက်လိုတာလေးတွေသွားဝယ်မလို့ " အခန်းတံခါးခေါက်သူမှာ ဒေါ်မြမော်သာဖြစ်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now