Part 17

2.9K 289 11
                                    

Uni

ညနေခင်းတစ်ခုမှာ သူဇာက တစ်စုံတစ်ဦးဆီသို့ ရည်ရွယ်ချက်ရှိရှိသွားနေသည် ။ တစ်နေရာရောက်တော့ သူဇာကားကိုရပ်လိုက်သည် ။ ကားပေါ်မှဆင်းကာ ဆေးခန်းတစ်ခုထဲသို့ဝင်လိုက်သည် ။

" ကိုမင်းလွင်ရှိလား "
သူဇာ ဆေးခန်းကအလုပ်သမားလေးကို မေးလိုက်သည် ။

" ဟုတ် ။ ရှိပါတယ် အစ်မ ။ ဒီမှာ ခဏထိုင်ပါဦးဗျ "

" အင်း "

သူဇာ ထိုင်ခုံတစ်ခုပေါ်ကို ထိုင်လိုက်သည် ။ ခေါင်းထဲမှာအတွေးတွေ မည်သို့မည်ပုံများနေသည်မသိ ။ မင်းလွင် သူ့ရှေ့ရောက်လာသည်ကိုတောင် သူဇာသတိမထားမိပေ ။

" သူဇာ...သူဇာ "

" ရှင် ...သြော်.. ကိုမင်းလွင် ။ sorry ပါနော် ။ သူဇာ အလုပ်ကိစ္စတစ်ခုထဲကို စိတ်ရောက်သွားလို့ပါ "

" ရပါတယ်ဗျ ။ ဒါနဲ့ သူဇာဘာလာလုပ်တာလဲဗျ "

" သြော်.. သူဇာ လမ်းကြုံလို့ ကိုမင်းလွင်ရဲဆေးခန်းကို ဝင်စပ်စုတာ " သူဇာ့အသံက ရယ်ကျဲကျဲပင် ။

" မမသူဇာ "
ခင်ထွေးမွန် သူဇာရှိလာသို့ တည့်တည့်မတ်မတ်လျှောက်လာခဲ့သည် ။

" အေး အထွေး ။ အစ်မကို မုန့်လေးဘာလေးဝယ်ကျွေးသင့်တယ်နော် " သူဇာ ထွေးကို မျက်ခုံးပင့်ပြလိုက်သည် ။

" ဘာလို့လဲ မမသူဇာရဲ့ "
ထွေး သူဇာ့ကိုပြုံးပြလိုက်သည် ။

" ကျွန်မအစ်မတစ်ယောက်လုံးကို ယူထားပြီးတော့များ အထွေးရယ် ။ ဒေါ်ကံ့ကော်လှိုင်လိုအမျိုးသမီးမျိုးကို ချစ်သူအဖြစ်ရထားတာ ဘယ်လောက်ကံကောင်းသလဲ ။ အစ်မကိုယူထားရင် ညီမကိုလာဘ်ထိုးရမယ်လေ " သူဇာရယ်ပြီးပြောလိုက်သည် ။

" ဟို... မမသူဇာ ။ ဘာ...ဘာတွေပြောနေတာလဲ
" ထွေး အသံတွေက အထစ်ထစ်အငေါ့ငေါ့။

" ဘယ်လိုဗျ " မင်းလွင် အလန့်တကြားဝင်ပြောလိုက်သည် ။

ခင်ထွေးမွန်ကတော့ ဘာမှပင်ဝင်မပြောရဲ ။ ခေါင်းကိုငုံ့ကာ ငြိမ်ငြိမ်လေးရပ်နေသည် ။

" ကိုမင်းလွင်က မသိသေးဘူးလား ။ ရှင့်ညီမက ကျွန်မအစ်မကို အပိုင်ယူသွားတာလေ ။ သူတို့ချစ်သူနှစ်ဦးက လိုက်လိုက်ဖက်ကြသား "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောOù les histoires vivent. Découvrez maintenant