Part 4

4.1K 404 5
                                    

Uni
ညနေရောက်တိုင်း ကံ့ကော်လှိုင်ဆီကို ထွေးလာတတ်သည် ။ လှိုင့်ကိုလည်း တစ်နေ့တာမှာ လုပ်ခဲ့တဲ့ အလွှဲပေါင်းသောင်းခြောက်ထောင်တွေ ၊ ဆေးခန်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာတွေကို ပြောပြတတ်ပြန်သေးသည် ။

တစ်ရက်တော့ ထွေး လှိုင်တို့အိမ်ကိုကို နေ့လည်ဘက်ကြီး ရောက်ချလာသည် ။ ခြံထဲဝင်လိုက်တော့ လှိုင့်ကိုမတွေ့တာကြောင့် ဧည့်ခန်းထဲထိသွားလိုက်သည် ။ ဧည့်ခန်းထဲရောက်တော့ ဦးထွန်းထွန်းနဲ့သူ့အမျိုးသမီး​ကို တွေ့လိုက်ရတာကြောင့် ထွေးပြုံးပြလိုက်သည် ။

" အထွေးလေ.. လှိုင့်ဆီလာတာလားကွယ့် " ဒေါ်ချိုချို ထွေးကို မေးလိုက်သည် ။

" ဟုတ်တယ် အန်တီချို ။ အန်တီချိုတို့က ဒီနေ့ တစ်ယောက်မှဆိုင်မသွားကြဘူးလား "

" အေးကွယ်... ဒီနေ့နားချင်လို့ "

" ဟုတ်ကဲ့ "

ထွေးတို့ စကားပြောနေတုန်း ကံ့ကော်လှိုင် အောက်ထပ်ကိုဆင်းလာသည် ။

လှိုင် ဝတ်ထားသည်က အဝါရောင် ... ရွှေရောင်ဘက်ကိုသွားသည့်အဝါရောင် ။ တစ်ပတ်လျှိုဆံထုံးကိုလည်း ထုံးထားသည် ။
ဆံထုံးထက်မှာလည်း ကံ့ကော်နှစ်ပွင့်ကို ပန်ထားသည် ။ နှုတ်ခမ်းတို့ကလည်း ရဲမြဲရဲဆဲ ။
အသွင်အပြင်အမူအယာတို့ဟာလည်း တည်ငြိမ်ဆဲ...

" တကယ့်ကို ပင်တိုင်စံထိပ်ထားလိုပဲ " ထွေး လှိုင့်ကိုကြည့်ပြီး စိတ်ထဲကနေပြောလိုက်သည် ။

" မမလှိုင်... "

လှိုင်ကတော့ ပြန်မထူး ။ ခေါင်းလေးသာ ညိမ့်ပြလိုက်သည် ။

" မမလှိုင်ကို ထွေးပြောစရာရှိလို့ ... "

" ပြောလေကွယ် "

ထွေး လူကြီးတွေကို တစ်ချက်ကြည့်လိုက်သည် ။

" ခြံထဲသွားပြောရအောင် မမလှိုင် "

" အင်း " ထွေး လှိုင့်လက်ကို ဆွဲလိုက်ချင်ပေမယ့် မဝံ့မရဲဖြစ်နေတာကြောင့် လှိုင့်ဘေးကနေပဲ ကပ်ပြီးလျှောက်လိုက်သည် ။ မျက်နှာကို မကြည့်ဘဲ ခန္ဓာကိုယ်ကို ကြည့်မိတာတောင် မမလှိုင်ကို ထွေးရှိန်လှသည် ။ မော့လည်း မကြည့်ရဲတာကြောင့် အောက်ကိုပဲ ထွေးငုံ့နေမိသည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now