Part 20

2.9K 272 2
                                    

Uni

ခင်ထွေးမွန်၏မိသားစုဝင်များက သဘောတူပြီးဖြစ်တာကြောင့် လှိုင် ထွေးတို့အိမ်သို့ တံခါးမရှိ၊ဓားမရှိ ဝင်နိုင်ထွက်နိုင်ပြီဖြစ်သည် ။ ဒေါ်ခင်ခင်နှင့် မင်းလွင်တို့နှစ်ဦး လှိုင်တို့ချစ်ခြင်းကိုသဘောတူသည် ။ သို့ပါသော်ငြား လှိုင့်ကို သဘောကျလွန်း၍မဟုတ် ၊ ထွေး စိတ်ဆင်းရဲမှာ မလိုလား၍သာဖြစ်သည် ။ ထို့ကြောင့်ပင် ထွေးတို့မိသားစုနှင့်ပတ်သတ်လျှင် လှိုင် အစစအရာရာကို သတိထားပြီး ပြောရဆိုရသည်။

ဧည့်ခန်းထဲတွင် မင်းလွင်နှင့်ဒေါ်ခင်ခင်တို့ ဘေးချင်းကပ်ကာ ထိုင်နေကြသည် ။ သူတို့နှစ်ဦးနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင် နေရာယူထားကြသူများမှာ လှိုင်နှင့်ထွေးပင်ဖြစ်သည် ။ လှိုင်ကတော့ ထုံးစံအတိုင်းပင် ၊ လှိုင့်မျက်နှာဟာ တည်မြဲတည် ၊ ကြည်မြဲကြည်နေပေသည် ။ သို့ပါသောငြား မာကြောခြင်းတော့ အလျဥ်းမရှိပါချေ ။

" လှိုင် ဒေါ်ဒေါ်တို့ကို ခွင့်တောင်းစရာလေးရှိလို့ပါ ။ သဘက်ခါ လှိုင် ပြင်ဦးလွင်ကိုပြန်မှာပါ ။ ထွေးကို လှိုင့်အိမ်ကို လိုက်ခဲ့စေချင်ပါတယ် ။ လှိုင့်မိဘနဲ့လည်း ထွေးသိဖို့လိုအပ်တာမို့ပါ "

ဒေါ်ခင်ခင်က အနည်းငယ်စဥ်းစားနေဟန်ရှိသည် ။ မင်းလွင်ကတော့ ဘာမှဝင်ပြောဖို့စိတ်ကူးမရှိပေ ။ နားထောင်ရုံသပ်သပ်အတွက် စကားဝိုင်းမှာ ဝင်ထိုင်နေခြင်းဖြစ်သည် ။

" အင်း ။ ဒေါ်ဒေါ်လက်ခံပါတယ် ။ မင်းအိမ်ကသာ အထွေးကိုသဘောကျလက်ခံပေးရင် ဒေါ်ဒေါ့်အနေနဲ့ မင်းတို့ကို အတူတူနေခွင့်ပေးဖို့ဆုံးဖြတ်ထားပါတယ် "

ဒေါ်ခင်ခင့်စကားက လှိုင့်စကားတွေထက်ပင် ပိုလေးနက်သည် ။ အချိန်အတိုင်းအတာတစ်ခုပေးပြီ သေချာစဥ်းစားတွေးတောထားပုံပေါ်သည် ။

" မေမေ တကယ်ပြောတောလား "

​ထွေး မျှော်လင့်ချက်အပြည့်နှင့် ဒေါ်ခင်ခင့်ကိုကြည့်လိုက်သည် ။

ဒေါ်ခင်ခင့်ရဲ့မျက်လုံးတွေကို ကံ့ကော်လှိုင်နားလည်သည် ။ ဘယ်လောက်အတိုင်းအတာထိ လေးနက်သလဲဆိုတာလည်း လှိုင် သိပေသည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now