Part 15

2.9K 291 6
                                    

Uni
လေလည်းမတိုက် ၊ လလည်းမသာသောညကို လှိုင့်စိတ်ထဲတွင် သဘောမကျဖြစ်နေသည် ။

" ဒီည စောစောအိမ်နော် ။ မနက်ဖြန် တို့ မင်းကိုလာတွေ့မယ် "
လှိုင် ထွေးကို ထိုစကားသာပြောပြီး ဖုန်းချလိုက်သည် ။

လှိုင် ဝရံတာမှာရပ်နေရင်း တိမ်တွေးဖုံးကာ မည်းမှောင်နေသောကောင်ကင်ကို ငြိမ်သက်စွာကြည့်နေမိသည် ။

" ဟူး....."
လှိုင် သက်ပြင်းချကာ ခြံရှေ့ကိုကြည့်လိုက်သည်။ လမသာသော်ငြား ခြံထဲကတစ်နေရာမှာ မီး
ရောင်ကထိန်နေသည် ။ ကောင်းကင်ကိုမော့ကြည့်ပြီး ထိုင်ခုံပေါ်မှာငြိမ်သက်စွာထိုင်နေသည့် သူဇာကိုတွေ့လိုက်ရတာကြောင့် လှိုင်မျက်မှောင်လေးကြုတ်မိသွားသည် ။

" ညကြီးမင်းကြီး ဒီကောင်မလေးလည်း အတွေးတွေနယ်ချဲ့နေပြန်ပြီထင်တယ် ။ အင်းပေါ့လေ ဒီအသက်ဒီအရွယ်ရောက်မှတော့ တွေးစရာတွေလည်း အများကြီးရှိတော့မပေါ့ "

လှိုင် ခေါင်းကိုဖွဖွခါပြီး အခန်းဆီသို့ ပြန်သွားလိုက်သည် ။

" ဟူး... "
ဒီတစ်ခေါက် သက်ပြင်းချရသူက သူဇာပင် ။

ရုတ်တရက်မြည်လာတဲ့ဖုန်းကြောင့် သူဇာစိတ်ရှုပ်သွားဟန်ရှိသည် ။

" ဟလို.. ကိုမင်းလွင် "

" ဟို... ည​နေက ကျွန်တော်ပြောထားတာလေး.."

" မလှိုင်ကလေ သူ့ဖုန်းနံပါတ်ကို သူများကို ပေးတာမကြိုက်ဘူး "

" သူ မသိအောင်ပေးလို့ရတာပဲလေ ။ အိမ်က အငယ်မလည်း အဲ့လိုပဲ ။ မပေးရဲဘူးဆိုတာချည်းပဲ "

" ဟုတ်ကဲ့ သူဇာလည်း မပေးရဲပါဘူးနော် ။ သူဇာအိပ်တော့မှာမို့ ဖုန်းချလိုက်တော့မယ်နော် "

" သြော်... ဟုတ်ကဲ့ဗျ "

မင်းလွင် ဖုန်းချသွားတော့ သူဇာ ငိုချင်စိတ်ကိုထိန်းမရတော့ပေ ။

" အဟင့်... ဘာလို့ အားလုံးက မလှိုင်ကိုပဲ သဘောကျနေကြတာလဲ ။ အစစအရာရာမှာ မလှိုင်က ငါ့ထက် ဘာလို့အမြဲသာရတာလဲ ။ သူက ဘာတွေများကောင်းနေလို့လဲ ။ ဘယ်သူ့အပေါ်မှ ဖော်ဖော်ရွေရွေမဆက်ဆံတာတောင် သူ့ကိုပဲ ဘာလို့သဘောကျနေကြတာလဲ ။ ငါချစ်နေရတဲ့သူကပါ သူ့ကို ဘာလို့သဘောကျနေရတာလဲ... အဟင့်...မုန်းတယ် ။ မလှိုင်ကိုလည်းမုန်းတယ် ။ အကုန်လုံးကိုလည်းမုန်းတယ် "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now