Part 12

3.6K 373 21
                                    

Uni

" အစ်မ သက်သာလား သမီး "
ဒေါ်ချိုချို ဧည့်ခန်းထဲမှာ ဖုန်းပြောနေခြင်းဖြစ်သည် ။

ကံ့ကော်လှိုင်ကတော့ ဧည့်ခန်းထဲမှာသတင်းစာဖတ်ရင်း ဒေါ်ခင်ခင်ဖုန်းပြောနေတာကို နားစွင့်နေသည် ။

" သက်သာပါတယ် မေမေရဲ့ "
တစ်ဖက်က ဖုန်းပြောနေသူမှာ ဒေါ်ချိုချို၏သမီးဖြစ်သူ သူဇာပင် ။

" အေးကွယ် ။ ဒါဆိုလည်း အိမ်ကိုပြန်လာတော့လေ သမီးရယ် ။ ဆိုင်က သမီးရှိမှ သိပ်အဆင်ပြေဘူး "

" ဟုတ်ကဲ့ပါ မေမေရယ် ။ သမီးလည်း မနက်ဖြန်ဆို ပြန်လာတော့မလို့ပဲ "

" အေးပါကွယ် ။ အေးပါ ။ ဒါဆိုလည်း မေမေဖုန်းချလိုက်တော့မယ် "

" ဟုတ်ကဲ့ "

ဒေါ်ချိုချိုဖုန်းပြောပြီးတဲ့အချိန်ရောက်မှ လှိုင်သတင်းစာကိုပြန်ဖတ်လိုက်သည် ။ လှိုင်ဟာ လူတစ်ယောကို စိတ်ပူတတ်တာမှန်သည် ။ သို့ပေမယ့် ခံစားချက်တွေကို ထုတ်ဖော်ပြလေ့သိပ်မရှိ ။

" မနက်​ဖြန် သူဇာပြန်လာမယ်တဲ့ သမီး "
ဒေါ်ချိုချို လှိုင့်အနားကို ဝင်ထိုင်လိုက်သည် ။

" ဟုတ်ကဲ့ အန်တီချို ။ အန်နီချို့အစ်မကရော နေကောင်းသွားပြီတဲ့လား "

" ကောင်းသွားပါပြီ သမီးရယ် ။ သူဇာပြန်လာတော့ သမီးလည်း အဖော်ရတာပေါ့ "

" ဟုတ်ကဲ့ ။ လှိုင်လည်း သူဇာနဲ့ မတွေ့ရတာကိုကြာနေပြီ "

" ဟိုကလည်း သမီးကို တွေ့ချင်နေတာပါတဲ့ကွယ် "

" ဟုတ် ။ ဒါနဲ့ လှိုင် ဟိုဘက်အိမ်ကို ခဏသွားလိုက်ဦးမယ် အန်တီချို "

" အေး အထွေးလေးတို့အိမ်လား သမီး "

" ဟုတ်တယ် အန်တီချို "

လှိုင် လက်ထဲကသတင်းစာကိုချကာ စားပွဲပေါ်က ဖုန်းကိုကောက်ကိုင်လိုက်သည် ။ ထို့နောက် အိမ်ထဲကနေထွက်လာလိုက်သည် ။

အန်တီချိုကတော့ အရင်ကထက်ပိုပြီးသိမ်မွေ့လာ
သောလှိုင့်ကိုကြည့်တာ သဘောကျနေသည် ။

လှိုင် လမ်းလျှောက်နေရင်း တစ်စုံတစ်ယောက်ထံကို ဖုန်းခေါ်လိုက်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now