Part 5

3.9K 399 17
                                    

Uni
" ခက်လိုက်တာကွာ "
ကံ့ကော်လှိုင် အိပ်ယာပေါ်က အဝတ်အစားတွေကို ကြည့်ပြီးပြောလိုက်သည် ။
" ဘာများဝတ်သွားရပါ့မလဲ "
အဝတ်အစားတွေကို တစ်ထည်ချင်းကောက်ကြည့်လိုက်ပြန်သည် ။

" မမလှိုင်ရေ "

" အမေ့ "
ရုတ်တရက်ခေါ်လိုက်တဲ့အသံကြောင့် လှိုင် လန့်ပင်လန့်သွားရသည် ။

" မမလှိုင်ရေ ထွေး ဝင်ခဲ့မယ်နော် "

" ဝင်ခဲ့လေကွယ် "

ထွေး အခန်းတံခါးကို အသာအယာဖွင့်ကာ အခန်းထဲဝင်လိုက်သည် ။

" ဟင်.. "
ဒီတစ်ခေါက် လန့်သွားရသူကထွေး ။

" မင်းဘာဖြစ်တာလဲ ခင်ထွေးမွန် "

" မမလှိုင်က ရင်လျားကြီးနဲ့ဘာလုပ်နေတာတုန်း "
ထွေး လှိုင့်ကို ကြည့်ဖို့မရဲတော့တာကြောင့် ခေါင်းကိုသာ ငုံ့နေတော့သည် ။

" အို... တို့ကိုကြည့်ရမှာ ရှက်နေလို့လား ။ မိန်းကလေးချင်းပဲကွယ် ဘာများရှက်စရာရှိသလဲ "

" မ..မဟုတ်ပါဘူး "

" အင်းပါ ဒါဆိုလည်း တို့ဘာဝတ်ရမလဲ ရွေးပေးပါဦး "

" မမလှိုင်က ဘာနဲ့ဖြစ်ဖြစ်လိုက်တယ် "

" အဲ့လိုမပြောနဲ့လေကွယ် ။ တို့ အဲ့လိုပွဲတွေမတတ်တာကို မင်းပဲဖိတ်ပြီးတော့ "
လှိုင် ထွေးကို မျက်စောင်းလေးမခို့တရို့ထိုးပြီးပြောလိုက်သည် ။

" ဟုတ်ပါပြီ ထွေးရွေးပေးပါ့မယ် "

ထွေး အိပ်ယာပေါ်က အဝတ်အစားတွေကိုကြည့်လိုက်သည် ။ ပြီးတော့ လိမ္မော်ရောင် ရင့်စေ့တစ်ထည့်ကို ကောက်ယူလိုက်သည် ။

" ဒါလေးဝတ် မမလှိုင် "

" အဆင်ပြေမှာ သေချာပါတယ်နော် "
လှိုင် ထွေးကို မယုံသလိုမေးလိုက်သည် ။

" သေချာတယ် မမလှိုင် ။ ပြောသောပြောရတာ မမလှိုင်က ဘာဝတ်ဝတ်ကိုလှတယ် "

" ဒါဆိုလည်း တို့မင်းရွေးပေးတာလေးပဲ ဝတ်လိုက်ပါ့မယ်လေ "

လှိုင် အဝတ်အစားတွေဝတ်ဖို့လုပ်နေတော့ ထွေး ထပ်ပြီးနေရခက်နေပြန်သည် ။ ထွေး အခန်းထဲက ခုံးလေးတစ်ခုံပေါ် ဝင်ထိုင်လိုက်ပြီး ခေါင်းကို အောက်ကိုသာ ငုံ့ထားလိုက်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now