Part 18

3K 293 11
                                    

Uni
ရာသီဥတုက သာသာယာယာပင်ရှိသည် ။ ခြံထဲကခုံရှည်လေးပေါ်တွင်ထိုင်နေရင်း လှိုင် သက်ပြင်းတစ်ချက်လည်းချလိုက်ပြန်သည် ။ လှိုင့်ဘေးတွင်ကား အမျိုးသားတစ်ယောက်ထိုင်နေသည် ။ နီးနီးကပ်ကပ်ထိုင်နေကြသည်တော့ မဟုတ်ပါချေ ။

" လှိုင် ပိန်လာတယ်နော် ။ လှိုင့်ကြည့်ရတာ အားမရှိသလိုပဲ "

" တစ်ချိန်တုန်းကလိုပေါ့ ကိုကိုဦးရယ် ။ တစ်ချိန်တုန်းကလည်း လှိုင့်ပုံစံက အခုလိုပဲမဟုတ်လား "
လှိုင် ခပ်ယဲ့ယဲ့လေးပြုံးလိုက်သည် ။ နာကျင်မှုတို့ပြည့်နေသော အပြုံးတစ်ခုပင်ဖြစ်၏ ။

" အရင်ကထက်ပိုတယ် လှိုင် ။ လှိုင့်ပုံစံက ပြိုကျလုနီးနီးဖြစ်နေပြီ "

" ဟင်း ... "
လှိုင် နှုတ်ခမ်းတစ်ဖက်ကိုအားပြုကာ မဲ့ပြုံးပြုံးလိုက်သည် ။

" အရင်က ဒဏ်ရာတစ်ခုတည်းရှိတာလေ ။ အခုတော့ ဒဏ်ရာနောက်တစ်ခု တိုးလာပြီ ။ ဒဏ်ရာနှစ်ခုဆိုတော့လည်း ဒီလောက်တော့ ရှိမပေါ့ "

စကားဝိုင်းက တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားသည် ။ ကိုကိုဦးက လှိုင့်မျက်နှာကို ငေးမောမိနေသည် ။ ထိုသို့သောအချိန်မျိုးတွင် ကိုကိုဦး လှိုင့်လက်ကိုကိုင်ထားချင်သည် ။ လှိုင့်ကို နှစ်သိမ့်ပေးချင်သည် ။ မိမိချစ်မြတ်နိုးရသောအမျိုးသမီးဝမ်းနည်းနေသည်ကို ဘယ်အမျိုးသားကများ ရင်မနာဘဲရှိနိုင်မည်နည်း ။ သို့ပေမယ့် လှိုင်ဟာ သူ့အပေါ် အစ်ကိုတစ်ယောက်လိုပင် သဘောထားပေသည်မဟုတ်လား ။

" ကိုယ်ကတော့ လှိုင့်ကို စိတ်ပူတယ် ။ ကိုယ် လှိုင့်ကို ဘာများကူညီပေးရမလဲ "

" အမျိုးသမီးချင်းချစ်မြတ်နိုးမိတာ မှားတယ်လို့ ကိုကိုဦးထင်သလား "

" မထင်ပါဘူး လှိုင် ။ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်သူကဘယ်သူ့အပေါ်ပဲချစ်ချစ် လှတာကလှတာပါပဲ လှိုင်ရယ် "

" လှိုင် နားလိုက်ဦးမယ် ။ လှိုင် နေမကောင်းဘူး "
လှိုင် ကိုကိုဦးကို ထိုသို့ပြောခဲ့ကာ အိမ်ထဲကို ဝင်တော့သည် ။

ကိုကိုဦးကတော့ ခြံထဲမှာ ခဏထိုင်နေသေးသည် ။

နေ့လည်စာစားဖို့ အိမ်ကိုပြန်လာတဲ့ သူဇာက ကိုကိုဦးကို တွေ့တာမို့ နှုတ်ဆက်ဖို့သွားလိုက်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောजहाँ कहानियाँ रहती हैं। अभी खोजें