Part 16

2.9K 270 8
                                    

Uni
လှိုင် နေ့လည်စာစားပြီးသည့်နောက် ခြံထဲတွင် ခဏထိုင်နေသည် ။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က လှိုင့်ဆီသို့ ဖုန်းဆက်လာသည် ။

" ဟလို... ထွေးငယ် "

" ထွေး ဒီနေ့ နည်းနည်းအားတယ် မမလှိုင် ။ ဆေးခန်းမသွားဖြစ်ဘူး "

" အဲ့ဒီတော့ တို့က ဘာလုပ်ပေးရမလဲပြော "

" တော်ပြီ ...တော်ပြီ ။ ဘာမှလုပ်မပေးနဲ့ " ခင်ထွေးမွန် ခပ်စွာစွာပင်ပြန်ပြောလိုက်သည် ။

" ဟောတော်... အသံက ဘယ်လိုဖြစ်ရတာတုန်း "
လှိုင့်ရယ်သံလွင်လွင်က ချစ်စရာအတိ ။

" အားမှတော့ မမလှိုင်နဲ့တွေ့ချင်တာပေါ့ ။ ထွေးက ထွေးချစ်သူလေးကိုလွမ်းနေတာလေ "

" တွေ့ချင်ရင်တွေ့ချင်တယ်ပြောပေါ့ ။ မင်းအမျိုးသမီးက အဲ့လိုပြောတာကို ကြားချင်တာလေကွယ် "

" ထွေးလာတွေ့ရမလား ။ လွမ်းလွန်းလို့ပါ မမလှိုင်ရယ် "

" အင်းပါ ကလေးရယ် ။ ခဏနေရင် တို့ မင်းကိုလာခေါ်မယ် "

" မေမေ သဘောကျပါ့မလား မမလှိုင် "

" စိတ်မပူပါနဲ့ ။ အပြင်သွားဖို့သာ ပြင်ဆင်ထား ။ ဟုတ်ပြီလား "

" ဟုတ် "

ထွေးနှင့်ဖုန်းပြောပြီးနောက် လှိုင် သူ့အခန်းထဲသို့ပြန်သွားလိုက်သည် ။ ထို့နောက် လိမ္မော်ရောင်ဝမ်းဆက်တစ်စုံကိုရွေးချယ်ကာ အဝတ်အစားလဲလိုက်သည် ။ မပြင်မဆင်ဘဲနှင်ပြင်လှသူမို့ လှိုင်မှန်တင်ခုံရှေ့တွင် ကြာကြာမထိုင်လိုက်ရ ။
ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်ပြီးနောက်တွင် လှိုင် ထွေးတို့အိမ်သို့ ကားမောင်းပြီးသွားလိုက်သည် ။

" ခင်ထွေးမွန် ... ခင်ထွေးမွန် "

မိမိနာမည်ကို ခြံရှေ့မှ အကျယ်ကြီးအော်ခေါ်နေသည့် လှိုင့်ကြောင့် ထွေးဇက်ကလေးပုသွားသည် ။ ဧည့်ခန်းထဲတွင် အမေဖြစ်သူနှင့်စကားပြောနေရာမှထကာ ​ထွေး လှိုင့်ကို ခြံတံခါးသွားဖွင့်ပေးလိုက်သည် ။

" အိမ်ထဲဝင်ဦးလေ မမလှိုင် "

" အင်း " လှိုင် ထွေးခေါင်းပေါ်ကို လက်ကလေးတင်ကာပြောလိုက်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now