Part 19

2.9K 321 16
                                    

Uni
ဒေါ်ခင်ခင်နဲ့မင်းလွင်တို့ ဧည့်ခန်းထဲတွင် စကားစမြည်ပြောနေကြသည် ။

" ထွေးရဲ့ဖြစ်တည်မှုကို သွေးသားရင်းချာဖြစ်တဲ့ အမေနဲ့အစ်ကိုကတော့ နားလည်လက်ခံပေးသင့်တယ်မဟုတ်လား " ခင်ထွေးမွန် မင်းလွင်တို့စကားဝိုင်းထဲသို့ ဝင်လာလိုက်သည် ။

" အမေလည်း သမီးအစ်ကိုကို အခုပြောနေတာပဲ ။ အမေတို့က သမီးကို မထိခိုက်စေချင်ဘူး ။ လောကကြီးက သမီးထင်သလောက် မလွယ်ကူဘူး "

" ထွေး သိပါတယ် ။ အဲ့ဒီအမျိုးသမီးမှ ထွေးဘေးမှာ မရှိဘူးဆိုရင် ထွေး သေတောင်သေနိုင်တာမို့
... "

" နင် ဘယ်လိုတွေပြောနေတာလဲ အငယ်မ "

" ထွေးက အမှန်ကိုအမှန်တိုင်းပြောတာပါ "

" နင် ဒီလောက်ဖြစ်နေ...ဟိုက နင့်ကို တကယ်ချစ်လားသိ မချစ်လားသိနဲ့ "

" မမလှိုင်ကို ထွေးယုံတယ် ။ ဒေါ်ကံ့ကော်လှိုင်ကို ထွေး အကြွင်းမဲ့ယုံတယ် "

" ဒါဆိုလည်း နင့်လမ်းကို ငါမတားဘူး ။ ဒါပေမယ့် ငါစောင့်ကြည့်နေမှာနော် နင်တို့နှစ်ယောက်လုံးကို "
မင်းလွင် ထိုသို့ပြောပြီး ဧည့်ခန်းထဲကနေ ထသွားသည် ။

မင်းလွင် ထွေးကိုယုံသည် ။ သူမယုံသူက လှိုင်ဖြစ်သည် ။ ခင်ထွေးမွန်က မိသားစုဝင်တွေအပေါ်
နွဲ့ဆိုးကလေးဆိုတတ်တာကလွဲလျင် တခြားအပြစ်ဆိုဖွယ် တစ်ခုမျှပင်မလုပ်ဖူးပေ ။ လိမ္မာရေးခြားရှိသလို စိတ်ထားလည်းလှသည် ။ လှိုင်ကမူ မင်းလွင်အတွက် ခန့်မှန်းရခက်သည့် အမျိုးသမီးတစ်ယောက်ဖြစ်သည် ။  ထို့ကြောင့်ပင် မင်းလွင်က ညီမဖြစ်သူအတွက် စိတ်ပူနေခြင်းဖြစ်သည် ။

**********************************

မိသားစုဆီမှ ခွင့်ပြုချက်ရသည်နှင့် ထွေး လှိုင်တို့အိမ်သို့ အပြေးကလေးသွားလိုက်သည် ။

" မမလှိုင် ရှိလားဟင် "

ခြံထဲမှာ ထိုင်နေသည့်သူဇာ့ကို ထွေး မေးလိုက်သည် ။

" မလှိုင်က သူ့အိမ်ကိုသွားတယ်လေ ။ သူငယ်ငယ်ကနေခဲ့တဲ့အိမ်ကို ထွေး သိတယ်မလား "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောМесто, где живут истории. Откройте их для себя