Part 2

4.8K 396 3
                                    

Uni

ခင်ထွေးမွန်တို့ မိသားစု အိမ်ပြောင်းလာတာ နှစ်လသာရှိသေးပေမယ့် ထွေးက ချစ်စရာကောင်းသည်မို့ အိမ်နီးချင်းများနဲ့ ခဏအတွင်း မိတ်ရင်းဆွေရင်းတွေလို ခင်နေကြသည် ။ ထွေးတင်မက ထွေးတို့တစ်မိသားစုလုံးက သဘောကောင်းသူတွေချည်းဖြစ်သည် ။

မနက်ခင်းစောစော နေရောင်ခြည်တို့က ကံ့ကော်ပင်တွေပေါ်ကို ထိုးကျနေသည် ။ခင်ထွေးမွန် ဝရံတာကနေ ဦးထွန်းထွန်းတို့ခြံဘက်ကို ဝေ့ဝိုက်ကြည့်နေမိသည် ။ မနေ့က တွေ့ခဲ့တဲ့ အမျိုးသမီးကိုလည်း ရှာကြည့်နေမိသည် ။

" ဟူး "

ထွေး ရှာနေတဲ့အရာကို မတွေ့တာကြောင့် လေကိုတစ်ချက်မှုတ်ထုတ်ပြီး စူပုတ်နေသည် ။ ထွေး
ထို အမျိုးသမီးကို ထပ်တွေ့ချင်သေးတာကြောင့်
ဦးထွန်းတို့ခြံကို ထပ်သွားဖို့တွေးလိုက်သည် ။ ထို့နောက် အောက်ထပ်ကိုအပြေးအလွှားဆင်းသွားလိုက်သည် ။

" ဟဲ့ အထွေးလေး...ပြေးပြေးလွှားလွှားနဲ့ ခလုတ်တွေတိုက်နေဦးမယ် ။ ခြေထောက်ကသက်သာပြီလား "

" ဟုတ်ကဲ့ မေမေ... သက်သာသွားပါပြီ ။ သေးသေးလေးပဲ ဖြစ်တာကို "

ဒေါ်ခင်ခင် ထမင်းစားခန်းထဲကနေထွက်လာရင်း ထွေးပုံစံကိုကြည့်ပြီး ခေါင်းလေးခါရမ်းကာ ပြုံးလိုက်သည် ။

" မေမေ ထွေး ဟိုဘက်ခြံကို ကံ့ကော်ပန်းသွားတောင်းလိုက်ဦးမယ်..ဟီး "

" အမလေး.. သွားပါတော်...သူများအိမ်က ပန်းတွေကို အများကြီးလည်း ယူမလာနဲ့ဦးနော် "

" ထွေးနာလည်ပါတယ် မေမေရဲ့ "

ထွေး ဒေါ်ခင်ခင့်ကို ပြုံးပြပြီးနောက် ဦးထွန်းထွန်းတို့ခြံဘက်ကို ထွက်လာလိုက်သည် ။

" မမဝေရေ "

ခြံရှေ့က အသံကြောင့် ဝေဝေ ခြံတံခါးလာဖွင့်လိုက်သည် ။

" ဟယ် အထွေးလေး... မနေ့က ခြေချော်ပြီးလဲသွားတယ်ဆို "

" ဟုတ်တယ် မမ "

" အင်း ဒီနေ့တော့ ပန်းတွေအဆင်သင့်ရှိတယ် ။ အစ်မ သွားယူပေးမယ် "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောOpowieści tętniące życiem. Odkryj je teraz