EP-1

2.2K 118 4
                                    


Unicode~

'တင်း တောင် '

'တင်းတောင်'

ဆူညံစွာထွက်ပေါ်လာတဲ့  လူခေါ်ဘဲလ်သံကြောင့်  မွေ့ယာနက်ပေါ်က  ခေါင်းမြှီးခြုံကာ အေးချမ်းစွာ အိပ်စက်နေပုံရသည့်  အလုံထုပ်လေးက လှုပ်စိ လှုပ်စိ ဖြစ်လာ၏။

'တင်းတောင်'

"အားးးး"

စိတ်မရှည်စွာအော်ညည်းသံနဲ့ လစ်ဟသွားသည့် စောင်အနက်လေးနှင့်အတူ ထွက်ပေါ်လာသည့် မျက်နှာဖွေးဖွေးက မွေ့ယာအနက်လေးနဲ့ ပနံသင့်လို့နေ၏။

ဝမ်ရိပေါ်  ဆူညံစွာ အော်မြည်နေတဲ့လူခေါ်ဘဲလ်သံကို  အံတုကာ ဘေးက ခေါင်းအုံးကိုဆွဲယူကာ သူ့နားကို ပိတ်ကာဆက်အိပ်ရန်ကြိုးစားလိုက်သည်။ သို့ပေမဲ့~~

'တင်း တောင် '

'တင်း တောင်'

"ဟာာာာကွာာာ ဘောလိုဘဲ  "

အဆက်မပြတ် အော်မြည်နေတဲ့ လူခေါ်ဘဲလ်သံကြောင့် ရိပေါ်  အဆဲနဲ့ သူ့မနက်ခင်းလေးကို စတင်လိုက်ရပြန်တယ်။

"အ"

သူဆောင့်ဆောင့်အောင့်အောင့်ထလိုက်တာကြောင့် မနေ့ညက အရိုက်ခံလိုက်ရတဲ့နေရာက တဆစ်ဆစ်နဲ့ နာကျင်လာပြန်ရော။

"  လဒကလဲ တမှောက် တခါနှိပ်လို့ မဖွင့်ရင်လဲ သွားနှင့်လိုက်ပါလား"

ရိပေါ် ပွစိပွစိနဲ့ထရပ်လိုက်ပြီး  လက်ထဲက ခေါင်းအုံးကို အိပ်ရာပေါ်ပြန် ပစ်ချလိုက်ကာ တံခါးသွားဖွင့်ရန် ခြေလှမ်းလိုက်သည်။

    ******

ရိဖေး ပါးဘေးကနေ၍ ပွင့်အံလာမည့်တံခါးနဲ့ အတူ ထိုတံခါးနောက်ကွယ်က ထွက်ပေါ်လာမည့် သူမရဲ့ မောင်လေး ဆိုသူကို မြင်တွေ့ရဖို့  စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေမိသည်။

သူမ လူမှန်းမသိတတ်ခင်ကတည်းက သဘောထားမတိုက်ဆိုင်မှုတွေကြောင့်  ကွဲကွာသွားသည့်မိဘနှစ်ပါးကြောင့် သူမ မှာ မောင်လေးတယောက်ရှိတယ် ဆိုတာကို မသိဘဲရှင်သန်ခဲ့တာ သူမ တသက်ဘဲ။ လွန်ခဲ့တဲ့ နှစ်လ လောက်ကမှ သိခဲ့တဲ့ အမှန်တရားက သူမကို အတိုင်းမသိပျော်ရွှင်စေခဲ့၏။

Closer You & IWhere stories live. Discover now