EP- 2

1.3K 104 1
                                    


Unicode~

ရိပေါ် ညစ်ညူးနေတဲ့ စိတ်အစဉ်ကို ဖြေဖျောက်ရန်အတွက် ကျောင်းဆောင်ကြီး အနောက်ဖက်က ကျောင်း‌ဉယျာဉ်လေး မှာ တကိုယ်တည်းထိုင်ကာ cigarette တလိပ်ကို ရှိုက်ဖွာနေလိုက်သည်။

"ဟူးးးး"

သူရှိုက်ဖွာ မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ဘာရယ်မဟုတ် လိုက်ငေးကြည့်နေမိသည်။

သူမှုတ်ထုတ်လိုက်တဲ့ အငွေ့အသက်တွေနဲ့အတူ သူ့ခံစား‌နေရတဲ့နာကျင်မှုတွေ ၊ သူ့ရဲ့ နာကျင်စရာမှတ်ဉာဏ်တွေ အကုန်ပါသွားခဲ့ရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ လို့ စဉ်းစားမိတယ်။ ထို မှတ်ဉာဏ်တွေသာ မရှိခဲ့ရင် ၊ ခုချိန် မားသာ သူနဲ့ အတူရှိနေသေးခဲ့မယ်ဆိုရင် သူ အခုလို အမှိုက်ကောင်တကောင် ဖြစ်လာအုံးလိမ့်မည်လား ဟူ၍ အတွေးဝင်မိသည်။
သူအတွေး တောင်မဆုံးသေးခင် ကုန်သွားပြီဖြစ်တဲ့ဆေးလိပ်။

ရိပေါ် သူ့လက်က ဆေးလိပ်ကို အောက်ကိုပစ်ချကာ ဖိနပ်ခြေဖျားနဲ့ ထိုးချေလိုက်ကာ ခုံတန်းလျားပေါ် လှဲချလိုက်ပြီး ခေါင်းအောက်ကို လက်နှစ်ဖက်ထိုးထည့်၍ ကြည်ကြည်လင်လင်နဲ့ အပြစ်ကင်းစွာလှပနေတဲ့ ကောင်းကင်ပြာကြီးကို ငေးကြည့်နေလိုက်သည်။

မားက ထိုကောင်းကင်ကြီးမှာ ရှိနေမယ်လို့ ပြောခဲ့တယ်လေ။
ထို့ကြောင့်ဘဲ သူက မိုးကောင်းကင်ကြီးကို ငေးကြည့်ရတာကို သူသိပ်နှစ်သက်သလို တခါတရံ သူခံစားရသမျှကိုလဲ မားရှိနေတယ်ဆိုတဲ့ ထို ကောင်းကင်ကြီးကို တိုင်တည်လေ့ရှိသည်။

***

"မား .... "

ရှောင်ယန်းလီ  ဓါတ်ပုံရိုက်ရန်  locationရှာနေတုန်း မတိုးမကျယ်နဲ့ ကြားလိုက်ရတဲ့ အသံဩရှရှလေး ကြောင့် သူမ မျက်စိက အလိုလို ပတ်ဝန်းကျင်ကိုရှာလိုက်မိသည်။ ထို နင့်သည်းနေတဲ့ "မား " ဆိုတဲ့ခေါ်သံလေးက သူမ နှလုံးသားထိ ရိုက်ခတ်စေနိုင်ခဲ့ပါသည်။ ယန်းလီ အသံလာရာကို ရှာကြည့်လိုက်တော့ တွေ့လိုက်ပါပြီ ခုံတန်းလျားရှည်ပေါ် လဲလျောင်းကာ အထက်  မိုးကောင်းကင်ကြီးကို မျှော်ငေးကြည့်နေတဲ့ ကောင်လေးတယောက်။ ထိုကောင်လေး ကြည့်ရတာ သူမ ထက် အတော် ငယ်မည့်ပုံ။

Closer You & IWhere stories live. Discover now