EP-8

1.1K 84 10
                                    


Unicode ~

"အ "

ရိပေါ် ဆေးလိမ်းပေးတော့ ထိုလူက ထ ငြီးငြူလာလေခြင်းက နာလို့ထင်ပါရဲ့။

" ရပြီ "

ဆေးလိမ်းပေးပြီးတော့ ရိပေါ်  ဆေးပုလင်းကို ဆေးသေတ္တာထဲပြန်ထည့်သိမ်းဆည်းရင်း  ~

"သမီးလေးကို ကယ်ပေးခဲ့လို့ ကျေးဇူးပါ ရှောင်ကျန့်"

" ဟင်?? ကိုယ့်ကို မှတ်မိနေတာလား"

ထိုသို့မယုံနိုင်စွာနဲ့ မေးလာခဲ့တဲ့ ရှောင်ကျန့်ကို ရိပေါ် ကြည့်လိုက်ကာ ခနဲ့ပြုံးလေးတခုကိုဖန်တီးလိုက်ရင်း ~

"ဟက်... မမှတ်မိဘဲနေပါ့မလား ကျတော့ရဲ့ အထက်ကျောင်းသားဘဝကို အပျင်းပြေစေခဲ့တဲ့သူကို"

"တောင်း...တောင်းပန်ပါတယ်"

ခေါင်းကို ငိုက်စိုက်ကာ တောင်းပန်စကားဆိုလာတဲ့ ရှောင်ကျန့်။ အခု သူ့လေသံကက အရင်က ရှောင်ကျန့်နဲ့ ဘာမှမဆိုင် တိုးတိုးလေးမှ တကယ့်တိုးတိုးလေး။

"ဟင် ဘာရီး ကျတော်ကောင်းကောင်းမကြားရလို့"

"တောင်းပန်ပါတယ်လို့ အရာအားလုံးအတွက် ကိုယ်က တောင်းပန်ပါတယ်"

သူစလိုက်တော့ သူ့မျက်ဝန်းထဲ ကြည့်လာကာ တကယ်ကိုလေးနက်စွာ တောင်းပန်စကားဆိုလာတဲ့ ရှောင်ကျန့်ကြောင့် မနေတတ်ဖြစ်သွားသူက ရိပေါ်ပင်။

" အာာာ ရပါတယ် ကျတော် နောက်လိုက်ရုံသက်သက်ပါ  စိတ်ထဲမထားပါနဲ့ ကျတော့စိတ်ထဲလဲဘာမှမရှိတော့ပါဘူး  ပြီးတော့ဆယ်ကျော်သက်အရွယ်ဆိုတာ ဒီလိုဘဲလေ ဘာမဟုတ်တဲ့ ရန်ပွဲအသေးစားလေးတွေရှိတတ်စမြဲဘဲလေ "

"...."

***

"ပြီးတော့ စီနီယာဖက်ကချည်းမှားခဲ့တာမှမဟုတ်တာ ကျတော့်ဖက်ကလဲ လွန်ခဲ့တာတွေရှိတာဘဲလေ"

ဟု ပြောလာတဲ့ ရိပေါ်က တကယ်ကို တည်ငြိမ်ရင့်ကျက်‌တဲ့ လူငယ်လေးတယောက်ဖြစ်နေခဲ့ပြီဘဲ။

ဒါပေမဲ့ ဝမ်ရိပေါ်မသိတာက သူပြောတဲ့ တောင်းပန်ပါတယ်ဆိုတဲ့စကားက သူတို့ရဲ့ ရန်ပွဲတွေအတွက်မဟုတ်ဘဲ သူကျူးလွန်လိုက်မိတဲ့ အမှား‌အတွက်၊ ထိုအမှားကြောင့် ဝမ်ရိပေါ်ကို အိမ်မက်တွေပျောက်ဆုံးခဲ့ရတဲ့လူဖြစ်စေခဲ့တဲ့အတွက် အနာဂတ်မဲ့တဲ့ လူအဖြစ် ရှင်သန်စေခဲ့မိတဲ့အတွက် ဆိုတာကို ဝမ်ရိပေါ်တော့ သိမည်မထင်။ သူကိုယ်တိုင်ကလဲ ဖွင့်ဟဖို့ သတ္တိမရှိသေးတာမို့ တချိန်ချိန်ပေါ့ ဟူ၍ သာ သူ့ကိုယ်သူ ပြောလိုက်မိသည်။ တချိန်ချိန်ကျရင်တော့ သူသေချာပေါက်ဝန်ခံပြီး ဝမ်ရိပေါ်ဆီက ခွင့်လွှတ်မူကိုတောင်းခံမှာပါ။

Closer You & IWhere stories live. Discover now