EP-9

875 60 6
                                    

Unicode ~~

ရှောင်ကျန့် shopping centerထဲမှာပတ်နေတာအတော်ကြာပြီ ... အဲ့လိုဈေးဝယ်နေတာကြာပြီဆိုလို့ သူ့အတွက်ဝယ်နေတာလို့ထင်လိုက်ရင်အကြီးကြီးမှားသွားပါလိမ့်မယ် သူတွန်းနေတဲ့လှည်းထဲကိုကြည့်လိုက်ရင် ဘာဘီမလေးအတွက်ရည်ရွယ်ပြီးဝယ်ထားတဲ့ ဘာဘီအရုပ်လေးတွေနဲ့သာ ပြည့်နှုက်နေတာတွေ့ရမှာပါ။ရှောင်ကျန့်တယောက် ယွမ်ယွမ် ကြိုက်တတ်နိုးနိုး တွေ့သမျှအရုပ်လေးတွေထည့်လာခဲ့တာ လှည်းတောင်ပြည့်သွားခဲ့ပြီမို့ အရုပ်တန်းကနေ ယွမ်ယွမ်ကြိုက်တဲ့ ရေခဲမုန့်လေးတွေရှိရာကို တဖန်ဦးတည်လိုက်၏...

ရှောင်ကျန့် ဝယ်စရာရှိတာတွေ ဝယ်အပြီး ကောင်တာမှာငွေရှင်းနေရင်း ဘာရယ်မဟုတ် ဘာဘီအရုပ်မလေးတွေကိုငေးကြည့်နေရင်းက ဒီအရုပ်လေးတွေကိုတွေ့ရင် ပျော်ရွှင်သွားမဲ့ သက်ရှိဘာဘီမလေးရဲ့ ချစ်စဖွယ်မျက်နှာလေးကို မြင်ယောင်ကာ သူနှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။

"ဟက်"

တဆက်တည်းမှာဘဲ သူရေခဲမုန့်ဝယ်လာပြန်လို့ ဆူပုတ်ပုတ်နဲ့ ပွစိပွစိရေရွတ်နေပြန်မဲ့ ကောင်လေးတယောက်ရဲ့ ဆူအုတ်ပုတ်မျက်နှာလေးကပါ သူ့အတွေးထဲ မြင်လာသည်မို့ ရှောင်ကျန့် ဒီတခါတော့ အသံထွက်သည်အထိရယ်လိုက်မိတော့ ရှေ့က cashierကောင်မလေးက သူ့ကိုအူကြောင်ကြောင်လေးမော့ကြည့်လာသည်မို့ ရှောင်ကျန့် အမြန်ပင် သူ့အတွေးတွေကိုရပ်တန့်လိုက်ရသည်။ မဟုတ်ရင် လူတွေသူ့ကိုအရူးလို့ထင်ကုန်တော့မှာ...

ရှောင်ကျန့်ငွေရှင်းဖို့စောင့်နေစဉ် ဝင်လာတဲ့ ဖုန်းကြောင့် ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ယူလိုက်ပြီး ခေါ်လာသူကို ကြည့်လိုက်တော့ 'ဟောက်ရွှမ်း'

"အင်း အခြေအနေ"

"....."

" ရခဲ့ပြီပေါ့ "

"....."

" Ok အဲ့ recordကို အခုဘဲ ငါ့mailထဲပို့ပေးလိုက် လုပ်စရာရှိတာ ဆက်လုပ်မို့ "

"...."

" Ok...Thank you Fri အဲ့ဒါဆိုဒါဘဲနော် see you  "

တဖန်ရှောင်ကျန့် ပါးcompanyရဲ့ ဉပဒေအဖွဲ့က ရှေ့နေလဲဖြစ်သလို သူတို့မိသားစုရဲ့ ရှေ့နေလဲဖြစ်တဲ့ ကျန်းဖန်ရှင်း ထံ ဖုန်းခေါ်လိုက်သည်။

Closer You & IWhere stories live. Discover now