Ph ring~~~တဖက်companyနဲ့ ပူးပေါင်းလုပ်မဲ့ project အကြောင်း ဆွေးနွေးနေချိန်မှာ ဝင်လာတဲ့ဖုန်းကြောင့် ချလိုက်ဖို့ပြင်လိုက်ပေမဲ့ screenပေါ်မှာပေါ်နေသည့် contactလေးကြောင့်သူအံ့ဩနေရသည်။
အလုပ်ချိန်တခါမှ ဖုန်းခေါ်လေ့မရှိသည့် လူသားလေးကထူးထူးဆန်းဆန်း အခုလိုခေါ်လာတော့လဲ ရှောင်ကျန့်မကိုင်ဘဲဘယ်လိုနေနိုင်မည်နည်း။
ရှောင်ကျန့် သူ့ရှေ့ကလူကို အားနာစွာနဲ့မော့ကြည့်လိုက်ကာ~
"ရပါတယ်ဗျာ ကိုင်လိုက်ပါ"
"ကျေးဇူးပါဗျ"
ရှောင်ကျန့် ဆိုဖာကနေထကာ သူ့အလုပ်စားပွဲရှိရာ သို့ဦးတည်လိုက်ကာ ~
"Hello ဝမ်ဝမ်"
"ကျန့် .....အင့် .....ကျန့်ကော"
သူမျှော်လင့်ထားသည့်အနေအထားနဲ့ကွဲလွဲစွာ ရှိုက်ရှိုက်ငိုပြီးတော့ သူ့ကိုအားကိုးတကြီးနဲ့ ခေါ်လာသည့်လူသားလေး။
"ဝမ်ဝမ် ကလေး ဘာဖြစ်လို့လဲဟင် ကိုယ့်ကိုပြော"
တဖက်က ရှိုက်ငိုသံလေးကြားတော့ သူ့ရင်ထဲဘယ်လောက်ထိပူလောင်သွားရလဲ သူသာအသိ။
" အင့် ကျန့်ကော အင့်"
" ဝမ်ဝမ် အခုဘယ်မှာလဲ ဟင် အလုပ်မှာလား "
ရှောင်ကျန့်ပါးစပ်က မေးလဲမေးရင်း လက်က ကုတ်တိုင်မှာချိတ်ထားသည့် သူ့ကုတ်ကိုဆွဲယူကာ ခြေလှမ်းတွေက သူ့ရုံးခန်းအပြင်သို့ ဦးတည် ရန်ပြင်လိုက်သည်။
"အင့် ....အိမ် ....အိမ်မှာ"
" ဟုတ်ပြီ ကိုယ်အခုလာခဲ့မယ်နော် ကိုယ်အခုလာခဲ့မှာမို့ အရမ်းငိုမနေနဲ့နော် ဟုတ်ပြီလား"
"......"
" အရမ်းငိုမနေပါနဲ့ဝမ်ဝမ်ရာ .... ကိုယ် ရင်တွေ အရမ်းပူရလို့ပါကွာာ ...ဝမ်ဝမ်က အဲ့လိုအရမ်းငိုနေတော့ ကိုယ်က ဘာလုပ်လို့ ဘာလုပ်ပေးရမှန်းတောင်မသိတော့ဘူး လေကွာ ကိုယ်အခုလာနေပြီမလို့ တိတ်တော့နော် အရမ်းငိုနေရင်ခေါင်းတွေကိုက်လိမ့်မယ် ဟုတ်ပြီလား လိမ္မာတယ်လေ နော်"
YOU ARE READING
Closer You & I
Fanfictionအချစ်လို့ထင်နေတဲ့ အရာက အချစ်မဟုတ်ခဲ့ဘဲ စိတ် အပြစ်မကင်းစိတ် အားနာစိတ်ကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြောင်းလာခဲ့တဲ့ ချစ်ခြင်းတရား ။ အခ်စ္လို႔ထင္ေနတဲ့ အရာက အခ်စ္မဟုတ္ခဲ့ဘဲ အပြစ်မကင်းစိတ် အားနာ သနားစိတ်ျကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြေ...