Ep-10

720 55 8
                                    




Cupcake လေးအတူ ဖုတ်ကာ ပျော်ရွှင်မြူးတူး နေကြတဲ့ လူသားလေးနှစ်ယောက်ကြောင့် ထိုလူသားလေးတွေကို ဆိုင်မှန်ပြတင်းကနေတဆင့် မြင်တွေ့ရခြင်းဟာ ခုနောက်ပိုင်း ရိဖေးအတွက်တင်းတိမ်ရောင့်ရဲနိုင်ခြင်းမရှိတော့ပါဘူး။ သူမ နီးစပ်ခွင့်ရချင်တယ် ထိုလူသားလေးတွေနဲ့ ထိုပျော်ရွှင်ခြင်းရဲ့ အပိုင်းအစလေးမှာသူမပါဝင်ခွင့်ရချင်တယ် အဲ့လိုဘဲ လူသားလေးတယောက်ရဲ့ပျော်ရွှင်ခြင်းအရင်းမြစ်က သူမ ဖြစ်ခွင့်ရချင်တယ်။ ဒါပေမဲ့ သူမကြောက်နေစဲဘဲ သူမကိုတွေ့မှ သူမမောင်ငယ်လေးထပ်နာကျင်ရခဲ့ရင်ဆိုတဲ့ အတွေးနဲ့ သူမ ကြောက်ရွံ့ကာ တွန့်ဆုတ်နေမိတုန်းဘဲ။

"ခုလိုဘဲ တသက်လုံးအဝေးကဘဲ ငေးနေတော့မှာလား ရိဖေး"

သူမရဲ့လက်မောင်းကိုဆုပ်ကိုင်ကာမေးလာတဲ့ ယန်းလီကြောင့် သူမ ကျဆင်းနေတဲ့မျက်ရည်တွေကိုဆွဲသုတ်လိုက်ရင်း~

" ငါ ငါလေ ကြာလေ ကြာလေ ခုလိုအဝေးက ငေးကြည့်နေရတာနဲ့တင် မရောင့်ရဲချင်တော့ဘူး အင့် ငါလေ ငါ ငါ သူ့အနားကို သွားချင်တယ် ဒါမဲ့ ဒါမဲ့ ငါ ငါ ကြောက်..."

"ရှူးးး ရိဖေး ငါပြောတာနားထောင် နှစ်တွေလဲကြာလာခဲ့ပြီ ရိပေါ်လေးလဲ စဉ်းစားဆင်ခြင်တတ်တဲ့အရွယ်တခုကိုရောက်နေပြီ အဲ့ဒါကြောင့် ငါအကြံပေးချင်တာက နင်သူ့ကိုတခါလောက်တွေ့ကြည့်လိုက်ပါလား ဟင်? နင့်ကိုယ်နင် လဲ အခွင့်ရေးတခါလောက်ပေးကြည့်ပေါ့ "

ယန်းလီစကားကြောင့် သူမတွေဝေသွားခဲ့ရ၏။ သူမတကယ်ဘဲ သူမကိုယ်သူမ အခွင့်ရေးပေးသင့်လား။

"ဟမ်ဘယ်လိုလဲ နင့်အနားမှာငါရှိနေပေးမှာပါ"

သူမ ယန်းလီကိုကြည့်လိုက် ဆိုင်ထဲက လူသားလေးတွေကိုကြည့်လိုက်နဲ့တွေဝေနေရင်းမှ  ထိုလူသားလေးနဲ့နီးစပ်စေရန် ကြိုးစားသတ္တိမွေးကာ အားတင်းပြီး ခြေတလှမ်းတိုးရန် ဆုံးဖြတ်လိုက်တယ်

ရိဖေးတုန်ရီနေသည့်လက်အစုံနဲ့ ဆိုင်တံခါးကိုတွန်းကာဝင်သွားလိုက်သည်။

ဆိုင်ထဲဝင်ရောက်လာတဲ့ သူမတို့ကို အခြားဧည့်သည်အမှတ်နဲ့ အပြုံးလေးနဲ့ကြိုဆိုစကားဆိုနေရာမှ သူမကို မြင်လိုက်ချိန် မှာတော့ သူမမျှော်လင့်ထားခဲ့တဲ့အတိုင်းပါဘဲ မဆုံးလိုက်တဲ့ ကြိုဆိုစကားလေးရယ် ချိုမြိန်တဲ့ အပြုံးလေးတွေ တမဟုတ်ခြင်းပျောက်ကွယ်သွားတဲ့ မျက်နှာလေးရယ်က ခုထိ သူမတို့ကို နာကျည်းနေကြောင်းပြတယ်။

Closer You & IWhere stories live. Discover now