" ကျန့်ကျန့် "
"ကျန့်ကျန့် ငါဒီမှာ "
ရှောင်ကျန့် လေဆိပ်ကထွက်လာတော့ လူတွေကြားကနေ ပုတုမလေး ရှောင်ယန်းလီက သူ့ကို ခုန်စွခုန်စွနဲ့ လက်ပြနေလေရဲ့။
"ဟက်"
ယန်းလီကို ကြည့်ပြီး ရှောင်ကျန့် သဘောတကျ ရီမောမိတယ်။ နှစ်တွေသာကြာသွားတာ ဂျပုမကတော့ ရှည်လာဖို့အစီစဉ်ရှိပုံမရဘူး။
ရှောင်ကျန့် ယန်းလီဆီ ဦးတည်သွားလိုက်၏။
" ဟာာာ ငါ့မောင်လေးက မတွေ့တာကြာတော့ မိုက်လာ ချောလာလိုက်တာ ကြည့်အုံး"
သူ့ကိုယ်ကို အပေါ်အောက် အထပ်ထပ် ကြည့်ပြီးတော့ ဆိုလာတဲ့ ယန်းလီ။
"နင်ကတော့ ပုမြဲပုစဲ ရုပ်ဆိုးမြဲ ရုပ်ဆိုးစဲဘဲ နော် ငါစိတ်တောင်မကောင်းဘူး"
'ဘုတ် '
သူစလိုက်တော့ သူလက်မောင်းကို ရိုက်လိုက်တဲ့ ရှောင်ယန်းလီ။
"အ နာတယ်လေ"
အရင်လိုဘဲ ခြေမြန် လက်မြန် ယန်းလီကြောင့် ရှောင်ကျန့်အမှန်တကယ် နာကျင်သွားရသည်။
"နင်ကအသားဘဲနာတာ ငါက အသည်းပါနာတာ သိလား"
စူပုတ်ပုတ်နဲ့ပြောနေတဲ့ ယန်းလီ ကို ရှောင်ကျန့် ပြန်ချော့ရန်ပြင်ရတော့သည်။ သူ့အမတော်က စလို့ကောင်းပေမဲ့ ချော့လို့တော့မကောင်းဘူး တခါစိတ်ကောက်ရင် လချီအောင်ချော့ရတာ။
"စတာပါ ငါ့အမ ဒီလောက်လှလာတာ ဇီရွှမ်းကို ပေးပစ်ဖို့တောင်နှမြောသွားပြီ"
"ဟာာာ ဘာမှန်းမသိဘူး"
ဇီရွှမ်း ဆိုတာနဲ့ ရှက်ရမ်းရမ်းပြီးပြေးသွားတဲ့ သူ့အမတော် ရှောင်ယန်းလီပါ လေ။
*****
"ဒါနဲ့ အားရီ သိပြီလား နင်ပြန်လာတာ"
သူ့ကိုမကြည့်ဘဲ အရှေ့လမ်းကိုသာ အာရုံစိုက်ကာ စကားစလာတဲ့ ယန်းလီ။
"No. Surpriseလေ"
" ဪ ပျော်သွားမဲ့ အားရီ မျက်နှာကို ငါကြိုမြင်ယောင်သေးတယ်"
"အင်း"
ထိုနဲ့ စကားလက်စပြတ်သွားကာ ဆက်ပြီး ကားကိုသာ အာရုံစိုက်မောင်းနေတဲ့ ယန်းလီ နဲ့ ကားမှန်မှတဆင့် ပတ်ဝန်းကျင်ကို ငေးကြည့်နေမိတဲ့ ရှောင်ကျန့်။
YOU ARE READING
Closer You & I
Fanfictionအချစ်လို့ထင်နေတဲ့ အရာက အချစ်မဟုတ်ခဲ့ဘဲ စိတ် အပြစ်မကင်းစိတ် အားနာစိတ်ကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြောင်းလာခဲ့တဲ့ ချစ်ခြင်းတရား ။ အခ်စ္လို႔ထင္ေနတဲ့ အရာက အခ်စ္မဟုတ္ခဲ့ဘဲ အပြစ်မကင်းစိတ် အားနာ သနားစိတ်ျကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြေ...