ကလင် ကလင်~~ရိပေါ် သိမ်းဆည်းနေတုန်း အော်မြည်လာသည့် Welcome bell ကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ မျှော်လင့်နေမိပေမဲ့ မမျှော်လင့်ရဲခဲ့သည့်လူ။
"ရိပေါ်"
"အာာ ကျန့်ကော ဘယ်က ဘယ်လိုရောက်လာတာလဲ"
"ဒီတိုင်း.........လမ်းကြုံလို့ပါ"
အချိန်အားဖြင့်ဆယ်နာရီခွဲ လူသွားလူလာ မရှိသလောက်ဖြစ်နေတဲ့အချိန်..... ပြီးတော့သူဌေးရပ်ကွက်မှာတည်ရှိတဲ့ ရှောင်အိမ်တော် နဲ့ လူထူထပ်တဲ့မြို့လည်ခေါင်မှာဖွင့်ထားသည့် သူ့ဆိုင်က လမ်းကြုံလို့ လို့ဆိုလာသော်လည်း သူ့နှလုံးသားက ယုံကြည်လိုက်ဖို့တွန်းအားပေးနေခဲ့ပါတယ်။
"ခနထိုင်အုံးနော် ကျတော်ဒီမှာလက်စသိမ်းလိုက်အုံးမယ်"
"အင်း ရတယ်အေးဆေးလုပ်"
ရိပေါ် အပြင်ကော မီးဖိုခန်းထဲပါ သန့်ရှင်းရေးလုပ်ပြီးတော့ ရေခဲသေတ္တာထဲက ခုနက ဘီယာလက်ကျန် ၆ ဗူးကိုသယ်ကာ အပြင် ကောင်တာမှာထိုင်နေသည့်ကျန့်ကောဆီသွားလိုက်သည်။
"အင်း ပြီးပြီလား"
"ဟုတ် ကျန့်ကော....အင့် ညဆိုတော့ ကော်ဖီနဲ့ဧည့်ခံဖို့လဲအဆင်မပြေတာမို့ ဘီယာလေးဘဲယူလာလိုက်တယ်"
ပြောရင်း လက်ထဲကဘီယာကို ကျန့်ကောရှေ့ချပေးလိုက်ရင်း သူကိုယ်တိုင်ကလဲ ကျန့်ကောဘေးဝင်ထိုင်လိုက်သည်။
" ကျေးဇူး ...."
ဒီလိုနဲ့ အတော်ကြာ ပြန်လည်တိတ်ဆိတ်သွားသည့် သူတို့စကားဝိုင်း။
ကျန့်ကောက သူယူလာပေးသည့်ဘီယာတွေကို တဗူးပြီး တဗူး ဖေါက်သောက်လာခဲ့တာ နောက်ဆုံးဗူးတောင်ရောက်ခဲ့ပေါ့။
" ထပ်ယူအုံးမလား ကျန့်ကော ကျတော်သွားဝယ်...."
ပြောရင်းထမလိုပြင်နေသည့် ကျတော့်ကို လက်ကောက်ဝတ်ကနေ ပြန်ဆွဲထားသည့်ကျန့်ကော။
" ရပြီ ရိပေါ်"
ထိုလိုပြောလာတော့ ရိပေါ် ပြန်ထိုင်ချလိုက်ပါသော်လည်း ခုထိ လွတ်လပ်ခွင့်မရသေးသည်က သူ့လက်ကောက်ဝတ်။
YOU ARE READING
Closer You & I
Fanfictionအချစ်လို့ထင်နေတဲ့ အရာက အချစ်မဟုတ်ခဲ့ဘဲ စိတ် အပြစ်မကင်းစိတ် အားနာစိတ်ကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြောင်းလာခဲ့တဲ့ ချစ်ခြင်းတရား ။ အခ်စ္လို႔ထင္ေနတဲ့ အရာက အခ်စ္မဟုတ္ခဲ့ဘဲ အပြစ်မကင်းစိတ် အားနာ သနားစိတ်ျကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြေ...