EP-22

600 44 3
                                    



ထို အဖြစ်ပျက်ဆိုးကြီး ဖြစ်ပျက်ပြီး မိနစ်အနဲငယ်အကြာ ရှောင်ဉက္ကဌကြီး နဲ့ ရှောင် CEO တို့ပါလာသည့်အရေးပေါ်ကားလေး ထိုးဆိုက်လိုက်သည်နှင့်တပြိုင်နက် အလုပ်ရှုပ်သွားရသည့် Xiao hospital လေးရဲ့ အရေးပေါ်ဌာန ။
.
.
.
.

ပါးဆီ ဝင်လာခဲ့သည့် ရှောင်ဉက္ကဌ၏ ရိပေါ်လေး ကားတိုက်လို့ဆိုသည့် သတင်းကြောင့် ရိဖေးတို့ အပြေးလာခဲ့တော့ လူစုံနေသည့်ခွဲခန်းရှေ့။ အယောက်စီတိုင်းကလဲ မျက်ရည်ကိုယ်စီနဲ့။

" ဘယ်လိုဖြစ်တာလဲ ကျတော့သားငယ်လေးက ဘယ်လိုလုပ်..."

" ကျတော့်ကြောင့်ပါ ...အင့် ...ကျတော့်ကြောင့် "

ခွဲခန်းတံခါးဘေး အောက်ကြမ်းပြင်မှာ ဒူးတဖက်ထောင် ခြေတဖက်စင်းရင်း ထောင်ထားသည့် ဒူးပေါ်လက်တင် ခေါင်းငိုက်စိုက်ကာ ထိုင်ချနေခဲ့ရှောင်ကျန့်ဆီမှ ထွက်လာခဲ့သည့်စကားသံကြောင့် ပါးနဲ့ ရိဖေးရဲ့ အာရုံက ရှောင်ကျန့်ဆီသို့။

ယိုင်နဲ့စွာနဲ့ ထရပ်လာသည့်ရှောင်ကျန့်က တကိုယ်လုံးလဲ သွေးတွေနဲ့ ပေပွနေခဲ့သလို သွေးတစိမ့်စိမ့်ထွက်နေစဲဖြစ်သည့် သူ့ရဲ့ ညာဖက်လက်ဆစ်ကြောင့် စိတ်လိုက်မာန်ပါနဲ့  ကိုယ့်ကိုထိခိုက်အောင် တခုခုလုပ်ခဲ့ပုံပင်။

ထို့နောက်သူမနဲ့ ပါးဖက်ကို ရှေ့လာကာ ဒူးအစုံကိုထောက်ချလိုက်ရင်း~

" ကျတော့်ကြောင့်ပါ ....အင့် ....ကျ ...အင့် ...ကျတော့်ကို ခွင့်မ ...အင့် ....မလွှတ်ပါနဲ့"

ကလေးတယောက်လို ရှိုက်ကြီးတငင်ငိုကာ  အပြစ်ဝန်ခံနေပုံက ခါတိုင်းသူမတွေ့ဖူးခဲ့သည့်ရှောင်ကျန့်နဲ့ အလွန်တရာကိိုမှ ကွဲထွက်နေခဲ့သည်။

"  လောလောဆယ်တော့ အရင် ထပါ Ceo xiao အဲ့လိုမလုပ်ပါနဲ့"

ပါးက လက်မောင်းကနေဆွဲထူကာပြောတော့ ပို၍ ခေါင်းငိုက်စိုက်ကာ ငိုနေသည့်ရှောင်ကျန့်။

" ဟုတ်ပါတယ် အရင်ထပါ ထပြီး ကျမတို့ နားလည်အောင် ပြောပြပေးပါ ရှောင်ကျန့်"

ပါးစကားနောက် သူမသံယောင်လိုက်ကာပြောပေမဲ့ ခေါင်းတသွင်သွင်ခါရမ်းကာ ရှိုက်ရှိုက်ပြီးကို ငိုနေသည့်ရှောင်ကျန့်ကြောင့် သူမတို့ဘာလုပ်ရမှန်းမသိ။

Closer You & IWhere stories live. Discover now