Ep- 14

595 47 11
                                    



Ph ring~~

ရှောင်ကျန့် approvalတွေ လက်မှတ်ထိုးပေးနေချိန် အော်မြည်လာသည့်ဖုန်းကြောင့်  အားနေသည့်လက်တဖက်နဲ့ ယူလိုက်ရင်း~

" ....."

" အထဲလွှတ်လိုက်ပါ ပြီးတော့ ကော်ဖီပါပြင်ခဲ့ပေး"

ပြောပြီး အလုပ်စားပွဲကထလိုက်ကာ ဆိုဖာဆီ ဦးတည်လိုက်ချိန် ဝင်လာသည်ြရှေ့နေကျန်း။

" လာ ထိုင်ပါ ရှေ့နေကျန်း အမှုအခြေအနေလေး  ဘယ်လိုရှိလဲ"

" ceo ရှာပေးတဲ့ သက်သေတွေက ခိုင်လုံလွန်းနေတာမို့ အမှုအခြေအနေက ကောင်းနေပေမဲ့.."

" ပေမဲ့.? "

စကားဆက်ဖို့ ခက်နေသည့်ရှေ့နေကျန်းကို သူစကားထောက်ပေးလိုက်တော့  အခြေအနေအရပ်ရပ်ကို အစီရင်ခံ တင်ပြလာသည့် ရှေ့နေကျန်း။

"ဆိုတော့ အုပ်ထိန်းခွင့်ရဖို့ကကျတော့  ရိပေါ်က အလုပ်အကိုင်အတည်တကျတခု ရှိဖို့လိုတာပေါ့"

ရှောင်ကျန့် မေးလိုက်တော့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည့် ရှေ့နေကျန်း။

"ဟုတ်ပါတယ် Xiao  CEO ခက်တာက Mr ဝမ်အနေနဲ့က ကျောင်းလဲပြီးအောင်မတက်ထားတဲ့ အခြေအနေမို့ အလုပ်တခုရဖို့ က ခက်ခဲနေပါတယ် လို့ကံယကံရှင်ကပြောပါတယ် "

ရှေ့နေကျန်းဆီက ကြားတော့ သိပြီးသားကိစ္စဖြစ်နေခဲ့ပေမဲ့ ရှောင်ကျန့်ထပ်ပြီးစိတ်မကောင်းဖြစ်ရတုန်းဘဲ။ 

ဟောက်ရွှမ်းစုံစမ်းပေးကတည်းက တကိုယ်တည်းသမားရိပေါ်ဟာ သူ့အိမ်မက်အတိုင်း သင်ချင်တဲ့ပညာရပါကို သင်ကြားခွင့်မရခဲ့ပါသော်လည်း digital marketing major ယူပြီး အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ကျောင်းကိုတက်နေခဲ့ပါ၏။

သို့သော် ယွမ်ယွမ်လေး သူ့ဘဝထဲရောက်လာတဲ့အချိန်ကစလို့ သူရှာသမျှက ယွမ်ယွမ်အတွက် နဲ့ ငွေလှမ်းညစ်ညစ်တတ်တဲ့ ယွမ်ယွမ့်အဖေအတွက်သာ ဖြစ်သွားကြောင်း။

ရှောင်ကျန့်အနေနဲ့က အလုပ်တခုပေးဖို့ မခဲယဉ်းပေမဲ့ မာနခဲလေးက သူ့အကူအညီကိုယူမှာမဟုတ်ဘူးဆိုတာ သူအတပ်သိနေလေသည်။ ထို့ကြောင့် ဘာလုပ်ပေးလို့ လုပ်ပေးရမှန်းမသိအောင်ကို လမ်းပျောက်သွားရသည်။

Closer You & IWhere stories live. Discover now