Ep- 11

621 53 10
                                    



ရိပေါ် ရှောင်ကျန့်ဆီက လက်ခံရရှိတဲ့ ဘာဘီရုပ်လေးကို ပွေ့ဖက်ကာ ပြုံးရွှင်နေသည့်သမီးလေးကို ကြည့်ရင်း~

"အဲ့ဒီလောက်တောင်ကြိုက်တာလား ဟင်?"

ရိပေါ်မနေနိုင်စွာထုတ်မေးမိတော့ သူ့ကိုပြန်မဖြေအားဘဲ ခေါင်းသာတဆတ်ဆတ်ငြိမ့်ပြလာသည့် သူ့မင်းသမီးလေးက တကယ်ကို ကျန့်ကော ဝယ်လာပေးတဲ့ အရုပ်တွေကိုအကြည့်မလွှဲတမ်းနဲ့ အလွန်ပျော်ရွှင်နေပုံပင်။

"အိုက်ယား ပါးပါးဝမ်းနည်းလိုက်တာ ပါးမင်းသမီးလေးက အရုပ်လှလှလေးရှိသွားတော့ ပါးကိုမချစ်တော့ဘူး ဟင့်"

ရိပေါ် နောက်လိုက်တော့ အလန့်တကြားမော့ကြည့်လာသည့် သမီးလေး။ ထို သိမ်ငယ်မှုတွေ စိုးရွံ့မူတွေနဲ့ ပြည့်နှုက်နေသည့် မျက်ဝန်းလေးတွေကို ရိပေါ်မကြိုက်လိုက်တာ ။ ထို့နောက် သမီးလေးက သူ့လက်ထဲက အရုပ်ကို ကောင်တာပေါ်တင်လိုက်ကာ ~

"ယွမ်အာက ပါးပါးဝမ်ကိုအချစ်ဆုံးနော် ပါးပါးဝမ် ...ပါးပါးဝမ် မကြိုက်ရင် ယွမ်အာ အဲ့အရုပ်လေးကို ဦးဦးရှောင်ဆီ ပြန်ပေးလိုက်မှာမို့ ပါးပါးဝမ်က မငိုရဘူးနော်"

ထိုကဲ့သို့ ငြိုးငယ်စွာပြောလာသည့်သမီးလေးက သူ့စကားကိုအတည်ထင်သွားပုံပင်။

ရိပေါ်  သမီးလေးကို ခုံပေါ်ကနေမှ ကောင်တာပေါ်ပွေ့တင်လိုက်ကာ လက်တဖက်က သမီးလေးရဲ့ ပါးနုနုလေးကို အသာပွတ်သပ်ရင်း~

"ပါး က စလိုက်တာပါ မင်းသမီးလေးရယ် စိတ်မကောင်းမဖြစ်ရဘူးနော် ပါးက သိပြီးသားပါ ပါးမင်းသမီးလေး ဘယ်လောက်ထိ ပါးကိုချစ်လဲဆိုတာ အဲ့တာကြောင့်"

ရိပေါ် ကောင်တာပေါ်က ဘာဘီရုပ်လေးကိုပြန်ယူကာ သမီးလေးရဲ့ ရင်ခွင်ထဲပြန်ထည့်ပေးလိုက်ရင်း ~

"ပါးမင်းသမီးလေးသာ ကြိုက်တယ်ဆိုရင် လက်ခံထားလို့ရတယ်နော်် "

"တ တကယ်ယူလို့ရတာလားဟင်"

"ဒါပေါ့ ဒါပေမဲ့ ပါးထက်တော့ မချစ်ရဘူးနော်"

"ဟီးးးး အများကြီးချစ်တယ်နော် ပါးပါးဝမ်"

ထိုတော့မှ ပြန်လည်ရွှင်မြူးလာသည့်မျက်ဝန်းလေးတွေက ပျော်ရွှင်မှုအပြည့်နဲ့။ သူ့သမီးငယ်လေးကတော့ ခုလိုပျော်ရွှင်နေမှဖြစ်မှာ။

Closer You & IWhere stories live. Discover now