Final

1K 52 13
                                    



ရိပေါ်  ပြေးနေမိတယ် ...ခန္ဓာကိုယ်အနှံ့နာကျင်မှုကြောင့် အင်အားတွေမရှိနေသည့်ကြားက အဆက်မပြတ် မနားတမ်းကို ပြေးနေမိသည်။ ခုချိန်မှာ ကားငှါးရကောင်းမှန်းလဲ သူမသိတော့ဘူး။

ပြေးနေရင်းက သူ ကြားသိခဲ့ရသည့် အကြောင်းအရာတွေကလဲ နားထဲ တဝဲလည်လည်။

လူစီကားသည့် ပလက်ဖောင်း လမ်းမထက် ဆေးရုံဝတ်စုံနဲ့ ငိုယိုကာပြေးလွှားနေခဲ့သည့် ကောင်လေးကို လူတွေကွက်ကြည့်ကွက်ကြည့်နဲ့။

ဒါပေမဲ့ ထိုကောင်ငယ်လေးကတော့ သူ့ရင်ထဲက အပူမီးကြောင့် ဘာကိုမှ အာရုံရှိခဲ့ဟန်မပေါ်ပါ။

......

ယွီးပင်း ပြေးထွက်သွားသည့်ရိပေါ်နောက်အမြန်လိုက်လာပါသော်လည်း မျက်ခြေပြတ်သွားသည်မို့ ကားကိုအရှိန်လျော့မောင်းကာ ပလပ်ဖောင်းလမ်းထက် မျက်စိကစားနေမိစဉ် တွေ့ပါပြီ ဆေးရုံ ဝတ်စုံလေးနဲ့ ဖိနပ်တောင်မပါပါဘဲ အရူးတယောက်လိုပြေးလွှားနေသည့် ရိပေါ်။

ပြေးနေရင်း ဟတ်ထိုးလဲသွားသည့်ရိပေါ်ကြောင့် သူကားကိုအမြန်ထိုးရပ်ကာ ရိပေါ်ဆီအမြန်ပြေးသွားလိုက်သည်။

သူရိပေါ်နားမရောက်မီ အတင်းကုန်းရုန်းထကာ ထပ်ပြေးရန်ကြံနေသည့် လူကြောင့် ယွီပင်းလက်ကိုအမြန်သွားဆွဲလိုက်တော့ သူ့ကို မျက်ရည်တွေ နာကျင်မှုတွေနဲ့ပြည့်နှက်နေသည့် မျက်ဝန်းနဲ့ ကြည့်လာသည့် ဝမ်ဝမ်က အရမ်းနာကျင်နေမှန်း အရမ်းကို ယူကြုံးမရဖြစ်နေမှန်းသိသာစေသည်။

" ယွီ ... ယွီပင်း ငါ့ ....ငါ့ကို ကျန့် ....အင့် ...ကျန့်ကောဆီပို့ပေး"

ပေါက်ပြဲကာ သွေးတစိမ့်စိမ့်ထွက်နေသည့်ဒူးကိုမှမထောက်  သူချစ်ရသူဆီပို့ပေးဖို့ ကိုသာ ပြောနေတဲ့ ရိပေါ်က တကယ်ကိုစိတ်လွတ်နေပုံပင်။

" အင်း ငါပို့ပေးမှာမို့ အရင် မင်းဒူးကိုအရင်ဆေးသွားထည့်ရအောင်နော် ဝမ်ဝမ်"

" ဟင့်အင်း ကျန့်ကောဆီပို့ပေးပါ ငါ့ကို ကျန့်ကောဆီပို့ပေးပါ ယွီပင်း"

ငိုယိုကာ အတင်းပြောနေသည့် ရိပေါ်ကြောင့် ယွီပင်း သက်ပြင်းချလိုက်မိ၏။ ပြောလဲမရမှာ သိနေတော့ လက်ခံဖို့သာ ယွီပင်း စိတ်ကူးလိုက်သည်။

Closer You & IWhere stories live. Discover now