EP- 20

578 43 4
                                    



ဘာလိုလိုနဲ့ ရာသီစက်ဝန်း တပတ်လည်ပတ်ပြီးသွားခဲ့ပြန်ပြီ ခက်ခက်ခဲခဲနဲ့ သံယောဇဉ်တွေ ငြိတွယ်ခဲ့ရသည့် လူသားလေး၂ယောက်ကြားထဲတွင်လည်း ကုန်ဆုံး သွားခဲ့သည့် အချိန်နဲ့ အညီ ပိုလို့တိုးလာသည့် ချစ်ခြင်းမေတ္တာနဲ့ ပိုလို့ခိုင်မြဲလာသည့် သံယောဇဉ်ကြိုး......
.
.
.
သီချင်းသံလေးပျံ့လွှင့်နေသည့် ကားလေးတစီးက မြို့ပြင်ဖက်ကို ဦးတည်ကာ ပင်လယ်ကြီးတွေရှိရာသို့ သွားနေလေရဲ့။

" အဲ့လောက်တောင်ပျော်နေတာလား ဟင် ပါးမင်းသမီးလေး"

သီချင်းတွေလိုက်ဆိုရင်း မြူးတူးနေသည့် ဘာဘီမလေးကြောင့် ဝမ်ဝမ်က မနေနိုင်စွာမေးလိုက်သည်ထင်။

" ဟုတ် ပါးပါးဝမ် ယွမ်အာ အများကြီးပျော်နေတာ ယွမ်အာချစ်တဲ့ပင်လယ်ကြီးဆီသွားရတော့မှာလေ "

"အဲ့ ပင်လယ်ကြီးကို ပါးထက်ပိုချစ်တာလား ဟင်?"

ဝမ်ဝမ်က စိတ်မကောင်းသည့်လေသံနဲ့ပြောတော့~

" ဟင့်အင်း ယွမ်အာက ပါးပါးဝမ်ကိုအချစ်ဆုံး "

ဝမ်ဝမ့်စကားအဆုံး အလျင်အမြန် ပြန်လည်ချေပလာသည်က~

" အာာ ပြီးတော့ ဦးဦးရှောင်ကိုလဲ ချစ်တယ်နော် အများကြီး"

တကယ် စကားတတ်လွန်းသည့် ဘာဘီမလေးက ချစ်စရာကောင်းလွန်းသည် ဆိုတာထက်ကို ပိုနေပြီ။

" ဟက်ဟက် အတတ်လေး "

အခုဆို ဒီလူသားလေး၂ယောက်က ရှောင်ကျန့် ရဲ့အရာရာ။
.
.

ဒီလိုနဲ့ သူတို့ကားလေးက သီချင်းသံလေးအစား ဘာဘီမလေးရဲ့ တီတီတာတာစကားသံလေးနဲ့ ပြည့်နှက်သွားလေရဲ့။

........

"ယေးးးးးး"

သမီးလေးကိုချီကာ အော်ဟစ်ရင်း ပင်လယ်ဆီ ပြေးသွားသည့် ကျန့်ကောကြောင့် ရိပေါ် ပြုံးရင်း သမီးလေးရဲ့ တုတ်ကောက်လေးကို ယူလာလိုက်သည်။

ဟုတ်ပါတယ် ခွဲစိတ်မှုအောင်မြင်ခဲ့သည့် သမီးလေးက အခုဆို ဝှီးချဲအစား တုတ်ကောက်လေးသာ လိုအပ်တော့သည်။ တုတ်ကောက်ကလဲနောက်တနှစ်လောက်ဆို မလိုအပ်လောက်တော့ဘူးတဲ့လေ....

Closer You & IWhere stories live. Discover now