Ep-16

561 48 8
                                    



အချိန်တွေတလပြီး တလကုန်လွန်လာခဲ့ပြီးနောက်~

ရိပေါ် တရားရုံးထဲကနေ ပျော်ရွှင်စွာနဲ့ ထွက်လာမိသည်။

ခုဆို သူသမီးလေးရဲ့ တရားဝင် အုပ်ထိန်းသူဖြစ်ခဲ့ပြီလေ။

"ဂုဏ်ပြုပါတယ် ရိပေါ်"

"အားလုံးက ရှေ့နေကျန်းကြောင့်ပါ ကျတော်တကယ် ကျေးဇူးတင်ပါတယ် "

" ဒါဆို ဒီည ငါတို့ဂုဏ်ပြုပွဲလုပ်သင့်တာပေါ့မဟုတ်ဘူးလားရိပေါ်"

ယွီပင်းက သူတို့စကားကို ဖြတ်၍ပြောလာသည်မို့  ရိပေါ်က အားကြိုးမာန်တက် လက်ခံလိုက်သည်။ ဒီလိုနေ့မျိုးမှာမှ အောင်ပွဲမခံရင် ဘယ်နေ့မှာ သူအောင်ပွဲသွားခံရမလဲ။

"အင်း"

" ဒါဆိုကျတော့ကိုခွင့်ပြုပါအုံး "

" အာ ရှေ့နေကျန်းက ဒီအောင်ပွဲရဲ့ အဓိကစွမ်းဆောင်လူဆိုတော့ သေချာပေါက်ပါမှရမှာပေါ့ ညနေကျ ကျတော်တို့ဆိုင်ကိုလာခဲ့ပါနော် "

ရိပေါ်၏ တောင်းဆိုနေသည့်မျက်ဝန်းအစုံကြောင့်~

" မခံယူဝံ့ပေမဲ့ လာခဲ့ပါမယ်".
.
.
.
.
ရိပေါ်  အားလုံးပြင်ဆင်ပြီး လူတချို့ကိုလဲ ဖိတ်ပြီးသွားတော့ ဖုန်းထဲက နံပါတ်လေးတခုကိုတော့ ခေါ်ရနိုးမခေါ်ရနိုးနဲ့  ဝေခွဲမရဖြစ်နေမိသည်။

ဒီနေ့လိုပျော်ရွှင်ရတဲ့နေ့မှာ ထိုလူကိုပါဝင်စေချင်မိပေမဲ့ လတွေအများကြီးသူတို့နဲ့ အဆက်အသွယ်ဖြတ်ခဲ့သည့်ထိုလူကကော ဆန္ဒရှိပါ့မလား

"ပြန်ရောက်ပါပြီ ပါးပါးဝမ်"

ရိပေါ်ဝေခွဲမရဖြစ်နေတုန်း ထွက်ပေါ်လာသည့်သမီးလေးရဲ့အသံလေးကြောင့် ရိပေါ်သမီးလေးဆီအမြန်သွားလိုက်ကာ~

"အိုက်ယား ပါးမင်းသမီးလေးကျောင်းက ပြန်လာပြီလား လာပါအုံး မွ အားးးးအမောပြေသွားပြီကွာ ကျေးဇူးနော်ရှင်းချန်"

"ရပါတယ် ရိပေါ်ကော"

ဒီနေ့ တရားရုံးပြေးနေရတာမို့ သမီးလေးကြိုဖို့ ရှင်းချန်ကိုအကူညီတောင်းရသည်။

"ကောလဲ မင်းအတွက်အဖော်ရအောင် လူထပ်ရှာပေးနေပါတယ် ခနတော့သည်းခံထားပေးအုံးနော် မရနိုင်သေးတော့ ကောလဲ မင်းကို အားနာလာပြီ"

Closer You & IWhere stories live. Discover now