EP - 12

613 51 3
                                    



ယွီပင်း ရိပေါ်ဆီသွားဖို့ ပြင်နေချိန် ဆက်သွယ်လာသည့် ရှောင်ကျန့်ဆိုသူက ယွမ်ယွမ်လေးနဲ့ ပတ်သက်ပြီးပြောစရာရှိပါတယ်ဆိုလာတာကြောင့် ချိန်းထားသည့် ကော်ဖီဆိုင်ကို ထွက်လာလိုက်၏။

သူဆိုင်ထဲရောက်တော့ သူ့ကိုလက်ပြနေသည့်လူက မြင်ဖူးသလိုရှိပေမဲ့လည်း ရင်းရင်းနှီးနှီးမရှိပြန်တာမို့ဦးနှောက်ကိုအမြန်အလုပ်ပေးကြည့်လိုက်တော့ ~

သူ ? သူတို့ကျောင်းသားဘဝတုန်းက ရိဖေးကျဲကြောင့် ရိပေါ်ကိုအမြဲလိုက် ဒုက္ခပေးနေခဲ့သည့် စီနီယာကြီး ရှောင်ကျန့်။

သူအဖြေဖော်ရတာနဲ့ တပြိုင်နက် တည်တင်းသွားသည့် သူ့မျက်နှာက အလိုမကျမူကိုဖော်ပြနိုင်လောက်ပါရဲ့။

"ရောက်လာပြီလား ထိုင်ပါအုံးဗျ"

သူ့ကိုထကာ ဧည့်ကြိုပြုတဲ့ရှောင်ကျန့်။

အရင်တချိန်ကနဲ့ကွဲထွက်ကာ အလွန်ယဉ်ကျေးရည်မွန်နေသည့် ရှောင်ကျန့်ကြောင့် သူမျက်ခုံးပင့်သွားရသည်။

"ဒါက ကျတော့ ရှေ့နေ ကျန်းဖန်ရှင်းပါ"

"ဟုတ်တွေ့ရတာဝမ်းသာပါတယ်ဗျ ဖန်ရှင်းပါ"

သူ့ကို နှုတ်ဆက်လာသူကို အသိအမှတ်ပြုသည့်အနေနဲ့ ခေါင်းသာတချက်ငြိမ့်ပြလိုက်မိ၏။ တခြားနေရာမှာ တွေ့ခဲ့ရင် သူဖော်ရွေမိမှာမှန်ပေမဲ့ သူမကြည်တဲ့လူနဲ့ပါလာတဲ့သူမို့ ရောပြီး မကြည်ချင်တော့။

"  ယွမ်ယွမ်နဲ့ပတ်သက်ပြီး ဘာပြောစရာရှိလို့လဲ"

"အာ တခုခုမှာလိုက်ပါလား"

"ရတယ် မမှာတော့ဘူး လိုရင်းသာပြောပေးပါ"

မလိုအပ်ဘဲ ဧည့်ဝတ်အရမ်းကျေနေသည့်ထ်ုလူကို ယွီပင်းဘုပြောသာပြောနေမိသည်။ ဟုတ်တယ် ယွမ်ယွမ်ကိစ္စကြောင့်သာ မဟုတ်ရင် သူထိုလူကိုတွေ့တာနဲ့ နောက်ကြောင်းပြန်လှည့်တာကြာပေါ့။

......

ရှောင်ကျန့် သူ့ရှေ့က မျက်နှာတည်တင်းကာ ဘောက်ဆတ်ဆတ်နဲ့ ကန့်လန့်ကြီးတွေပြောနေသည့်ယွီပင်းကြောင့် သက်ပြင်းခိုးချမိ၏။ ယွီပင်းက သူ့ကို အတော်အမြင်မကြည်ပုံပင်။ ဒီအတိုင်းဆို သူထိုကိစ္စကို ယွီပင်းနဲ့ ရှေ့ဆက်လို့ရပါ့မလား။

Closer You & IWhere stories live. Discover now