EP-13

579 47 7
                                    



ဒီနေ့က ရုံးတွေ ကျောင်းတွေ ပြန်ဖွင့်သည့် ရက်သတ္တပတ်၏ အစဖြစ်သည့် Mondayနေ့လေးမို့  နေ့ခင်းဆို လူပါးနေသည့်ရိပေါ်ရဲ့ ဆိုင်လေး။

လူပါးနေတဲ့ဆိုင်လေးကြောင့် ရိပေါ် အေးအေးလူလူနဲ့ ကောင်တာမှာထိုင်ရင်း Laptop တလုံးနဲ့  graphic design ဆွဲကျင့်နေသည်။ သူများတွေလို သင်တန်းတွေဘာတွေတက်ချင်ပေမဲ့ အချိန်ကော ငွေကြေးကော မတတ်နိုင်သည့်သူမို့ အခုလို အားလပ်ချိန်ကသာ သူ့သင်တန်းချိန်ဖြစ်သလို YouTube ကသာ သူ့ဆရာ ဖြစ်နေခဲ့၏။

သူလဲ ကွန်ပျူတာနဲ့ မဟုတ်ဘဲ သူများတွေလို sketch ဆွဲချင်ပါသော်လည်း အဆင်မပြေတဲ့သူ့လက်။ computer နဲ့ဆွဲတာတောင် အချိန်နည်းနည်းကြာကြာဆွဲလိုက်မိရင် တဆစ်ဆစ်နဲ့ ကိုက်ခဲလာသည့်သူ့လက်။ ဒါပေမဲ့ ဝါသနာပါလွန်းသည့်အရာမို့ ဇွဲမလျော့တမ်းလုပ်နေမိတုန်းပင်။

ကလင်ကလင် ~~

သူ designထဲ အာရုံစိုက်နေတုန်း အော်မြည်လာတဲ့ ဆိုင်တံခါးဝက welcome bellလေးကြောင့် သူမော့ကြည့်လိုက်တော့ ယွီပင်းနဲ့ အတူဝင်လာသည့်အနောက်တိုင်းဝတ်စုံနဲ့လူတယောက်။

လာရင်းကိစ္စကတော့ ယွီပင်းမနေ့က သူ့ကို ဖုန်းဆက်ပြောထားခဲ့လို့ သူသိနေပြီးသားပါ။

"အော် ရောက်လာပြီလားဗျ ထိုင်ကြပါအုံး ခနလေးပါနော် ယွီပင်း အကို့ကို ခနဧည့်ခံထားပေးနော်"

" အေးအေး ရှေ့နေကျန်း လာ ထိုင်ပါဗျ"

ရိပေါ်အမြန်ဘဲ ကော်ဖီ ၂ခွက်ဖျော်ကာ ယွီပင်းတို့ဝိုင်းကိုသွားလိုက်သည်။

"သုံးဆောင်ကြပါအုံးဗျ"

ရိပေါ် ကော်ဖီခွက်ချပေးလိုက်ရင်း ယွီပင်းဘေးကိုဝင်ထိုင်လိုက်နှင့်တပြိုင်နက်။

"ရိပေါ်  ဒါက ကျန်းဖန်ရှင်းတဲ့ ဉပဒေလောကမှာဆို နာမည်ကြီးတယောက်  ကိုင်တဲ့အမှုတိုင်း မနိုင်တဲ့အမှုဆိုတာမရှိဘူး"

ယွီပင်းက တဖက်လူကိုရိပေါ်နဲ့မိတ်ဆက်ပေးရင်း အမွှန်းတင်လာသည်မို့ ရိပေါ် ပြုံးရုံသာပြုံးပြနေလိုက်မိသည်။

"အာာ အဲ့လောက်လဲမဟုတ်ပါဘူး ....ကျတော်ကျန်းဖန်ရှင်းပါ တွေ့ရတာဝမ်းသာပါတယ်ဗျ ...Mr ဝမ်အကြောင်းတော့ အမြဲကြားကြားနေရတော့ ရင်းနှီးနေပါပြီ လူချင်းကတော့အခုမှတွေ့ဖူးတာပါ"

Closer You & IWhere stories live. Discover now