EP-18

595 40 7
                                    



အချိန်တွေ ရာသီတွေ အလီလီပြောင်းလဲလာခဲ့သလို ရိပေါ်ရဲ့ ကဖေးလေးမှာလဲ ပြောင်းဘဲမူလေးတခုရှိလာခဲ့၏။

ထိုအရာကတော့~~~~

.
.
.

ရိပေါ်  မီးဖိုခန်းတံခါးဝလေးကနေ အထဲကိုချောင်းကာ သူတို့အတွက် ညစာပြင်ပေးနေသည့်လူရဲ့ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းခိုးချမိသည်။

ကျန့်ကောက သက်သေပြပါမည်ဆိုတဲ့ စကားနဲ့အညီ သူ့ဘဝထဲ အတင်းတိုးဝင်လာခဲ့ပါတယ်။ အချိန်နဲ့အမျှငြင်းဆန်နေခဲ့သည့်သူ့ကို မေတ္တာတချက်မပျက်ဘဲ ဂရုစိုက် ကြင်နာပေးခဲ့သည်မို့ ရိပေါ်အသည်းနှလုံးက ဒီထက်ကြာကြာ မတောင့်ထားနိုင်လောက်တော့ဘူး ထင်ပါရဲ့။ ရိပေါ်လဲအသည်းနှလုံးနဲ့ ခံစားချက်ရှိသည့်လူတယောက်ဘဲလေး။

ချက်ပြုတ်ထားသည့်အရာကို ပန်းကန်ထဲထည့်ကာ အလှဆင်နေပြီမို့ ကျန့်ကော သူ့ကိုမတွေ့ခင် အလျင်အမြန်ပင် ထိုနေရာကနေမှ သမီးလေးဆီ ဦးတည်လိုက်သည်။

ခနအကြာတော့ မီးဖိုခန်းထဲကနေမှ ပန်းကန်၂ချပ်မကာ ထွက်လာသည့်ကျန့်ကော ။ မျက်နှာကလဲ ကြည်နူးပျော်ရွှင်နေသည့် အရိပ်အယောင်တွေအပြည့်ဖြင့်။

" ကဲရပါပြီ chief xiao ရဲ့ seafood spaghetti  ကဲဟော့ဒါက ဦးဦးရှောင်ရဲ့ ဘာဘီမလေးအတွက် ဟောဒါက ပါးပါးဝမ်ဝမ်လေးအတွက် "

မားအမြတ်တနိုးနဲ့ပေးခဲ့တဲ့ nickname လေးက ခုတော့ အမြတ်တနိုးနဲ့ ခေါ်ပေးမဲ့ သူတွေ အများကြီးရှိနေပြီဆိုတာ မားသိရင် အများကြီးပျော်နေလောက်ရောပေါ့။

~~လွမ်းတယ်မားရယ်~~

သူအတွေးတွေလွန်နေစဉ် ရုတ်တရက်သူ့ပါးထက် နွေးထွေးသည့်လက်ဖဝါးလေး ရောက်လာသည်မို့ ရိပေါ်မော့ကြည့်လိုက်တော့ သူ့ကိုအနွေးထွေးဆုံးအပြုံးတပွင့်ပေးကမ်းလာရင်း သမီးလေးမကြားစေရန် တိုးညှင်းသည့် လေသံလေးနဲ့ဆိုလာသည်က ~

"  မငိုပါနဲ့... ကိုယ့်နှလုံးသားလေးနာကျင်ရလို့ပါ"   တဲ့လေ။

ထိုစကားကြောင့် ရိပေါ် မျက်ရည်တွေကြားက ထိုလူသားကို စိတ်လိုလက်ရ ပြန်ပြုံးပြလိုက်မိသည်။

Closer You & IWhere stories live. Discover now