EP- 5

1.4K 97 5
                                    

Unicode

၇ နှစ်ခန့်ကြာသော် ~~~~~

The closer I get touching you , the closer I get loving you~~

ရှောင်ကျန့် အိပ်ရာဝင်ရန် ပြင်နေစဉ် ဝင်လာသည့်ဖုန်းကြောင့် ပြန်ထထိုင်လိုက်ကာ~

" Hello ပြော ဟောက်ရွှမ်း "

" ......"

"အင်း သဘက်ခါ flightနဲ့"

"....."

"ဒါနဲ့ ငါစုံစမ်းခိုင်းထားတာလေး သိရပြီလား"

"....."

" ဝမ်ရိပေါ်???  ငါ ငါကြားဖူးနေသလိုဘဲ   ဝမ်ရိပေါ်ဆိုတာက "

"...."

" မင်း မင်း ပြောတာက ငါ ငါတိုက်မိခဲ့တဲ့လူက ...."

"......"

ရှောင်ကျန့် ဟောက်ရွှမ်းရဲ့ စကားအရှည်ကြီးတွေကို နားထဲမဝင်တော့ဘူး လွန်ခဲ့တဲ့ ခုနှစ် သူကျူးလွန်ခဲ့တဲ့ အမှားရဲ့ တဖက်က နစ်နာသူက ဝမ်ရိပေါ်တဲ့လေ ... ဘာလို့ သူလဲ ဘာလို့ သူမှလဲ ... သူ မရည်ရွယ်ခဲ့ပါဘဲ ဘာလို့ သူမှလဲ။ သူ ဝမ်ရိပေါ်ကို မုန်းတာမှန်တယ် ။ ဝမ်ရိပေါ် ပျောက်ကွယ်သွားရင် သိပ်ကောင်းမှာဘဲလို့ တွေးခဲ့ဖူးတာမှန်တယ်။ဒါပေမဲ့ သူ အဲ့လို ထိခိုက်သွားစေဖို့တော့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဖူးဘူး။ သူဝမ်ရိပေါ်ကို မလိုလားပေမဲ့ ဟောက်ရွှမ်းပြောပြတဲ့အထိ ဖြစ်သွားတာတော့ သူတကယ်ကို အပြစ်မကင်းလို့ခံစားရသည်။

"တချိန်က ကျူးလွန်ခဲ့တဲ့ ငါ့လုပ်ရပ်အတွက် ပြန်တောင်းပန်မှာပါ ဝမ်ရိပေါ် "

*******

" ယွမ်ယွမ် "

ရိပေါ် မွေ့ယာဖွေးဖွေးထက် နှစ်ခြိုက်စွာ အိပ်နေသည့်  သူ့ရဲ့ living dollလေးကို နိုးနေ၏။
"..."

"  ကျောင်းချိန်နီးနေပြီလေ  မင်းသမီးလေး ရယ်"

'မွ'

"အင်းးး "

ယွမ်ယွမ် ဆိုသည့် သက်ရှိအရုပ်မလေးကို ရိပေါ်  အူယားလွန်းလို့ ပန်းရောင်တမ်းနေသည့်  ပါးဖောင်းဖောင်းလေးထက် အနမ်းခြွေချလိုက်တော့ တအင်းအင်းနဲ့ လှုပ်လာသည့် ယွမ်ယွမ် ~

"အင်း ပါးပါး ဝမ်"

အိပ်ချင်မူးတူးလေးနဲ့ မျက်လုံးလေးပွတ်ကာ ခေါ်လာတဲ့ သမီးငယ်လေး။ တကယ် ပြောလို့ပြောတာမဟုတ်ဘူး သူ့သမီးလေးက အရုပ်မလေးသဖွယ် ချစ်စရာကောင်းလွန်းလှသည်။

Closer You & IWhere stories live. Discover now