EP-7

1.3K 104 11
                                    

Unicode

ရိပေါ်  ယွမ်ယွမ်ရဲ့ ဝှီးချဲလေးကို တွန်းပြီး ဖြေးညှင်းစွာနဲ့ ဆိုင်တန်းတလျောက်ကိုငေးမော ဖြတ်လျောက်လာခဲ့ပြီး~

"  ဒီနေ့ပါးတို့ ဘာစားကြမလဲဟင်? ပါးရဲ့မင်းသမီးလေး ဘာစားချင်လဲ "

သူ့နည်းတူ ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေတဲ့ သူ့မင်းသမီးလေးကို ရိပေါ် မေးခွန်းထုတ်လိုက်သည်။

အခုဆို သူက ပါးပါးတယောက်ဖြစ်နေပြီဆိုပေမဲ့ ... သူက caféဆိုင်ကို ဖွင့်ထားခဲ့ပေမဲ့ ...သူမလုပ်တတ်နိုင်တဲ့ တခုတည်းသောအရာက ထမင်းဟင်းချက် တဲ့အလုပ်ဘဲ။ သူ့ဘဝထဲ ယွမ်ယွမ် ရောက်လာကတည်းက သူစပြီး ထမင်းဟင်းချက်နည်းကို လေ့လာသင်ယူဖို့ ကြိုးစားခဲ့သော်လည်း သင်တန်းဘယ်နှခုပြီးပြီး သူတတ်မြောက် မလာခဲ့တာမို့ အဲ့ဒီအရာကြီးကို သူလက်လျော့လိုက်ဝာာပင်။

"ပါးပါးလို့"

အတွေးလွန်နေတဲ့ ရိပေါ်က ယွမ်ယွမ်ရဲ့ ခပ်စူးစူးအသံလေးကြားမှ အသိပြန်ဝင်လာခဲ့တာပင်။

"ဟမ် အင်း အင်း ပြောလေ ယွမ်အာ"

"  ရေခဲမုန့်လို့"

"ဟာာာ ပါးပြောတာအဲ့ဒါမဟုတ်ဘူးလေ"

"ဒါပေမဲ့ .."

" ဝမ်ယွမ်ယွမ်..... "

ရိပေါ် သူလေသံမာမာကို အသုံးပြုပြီးခေါ်လိုက်တော့ ချက်ချင်းညိုးကျသွားတဲ့ ယွမ်ယွမ့်မျက်နှာလေးကြောင့် ရိပေါ်အမြန်ဘဲ ပြန်ချော့ရန်ပြင်လိုက်ရသည်။

"ပါးပြောတာက ညနေစာဘာစားမလဲ ပြောတာလေ ကလေးရယ် အချိန်မတော်အအေးစာတွေစားရင်ချောင်း ..."

ရိပေါ် စိုးရိမ်စိတ်တခုတည်းနဲ့ ယွမ်ယွမ်ကိုငေါက်လိုက်မိလို့ အမြန်သူပြန်ချော့လိုက်သော်လည်း သူ့ရဲ့ စကားတောင်မဆုံးလိုက်ခင်~

"တောင်းပန်ပါတယ် ယွမ်အာက မှားသွားပါတယ်.... ဟင့်... ယွမ်အာကတောင်းပန်တာမို့.... ပါးပါးဝမ် ယွမ်အာ မ... ဟင့်.....မှား .ဟင့်... "

မျက်ရည်တွေဝဲတက်လာကာ ခေါင်းကို ငိုက်စိုက်ကာတောင်းပန်လာတဲ့ ယွမ်ယွမ်ကြောင့် နောက်ဆုံးစိတ်မကောင်းရသူက ရိပေါ်ပါဘဲ။ သူမှားသွားတာ ယွမ်ယွမ်က အမြဲလို သိမ်ငယ်စိတ်ဝင်တတ်တာ သိရဲ့နဲ့ သူကမဆင်ခြင်ခဲ့မိတာ။ ကလေးကချော့ရင်ရတာ သူသိသားနဲ့ကို သူယွမ်ယွမ့်ကို အခုလို အသံမာကြီးနဲ့မပြောခဲ့သင့်တာ။

Closer You & IWhere stories live. Discover now