Ep- 15

575 45 2
                                    



ရုတ်တရက်ကြီးရောက်လာသည့် ယန်းလီကျဲက သူ့ချစ်သူဆိုသူကိုပါခေါ်လာကာ မိတ်ဆက်ပေးရင်း ပြောလာသည့်အကြောင်းအရာက ရိပေါ်ကို သူ့ကုမ္ပဏီမှာဝင်လုပ်ပေးဖို့လာကမ်းလှမ်းတာတဲ့လေ။

ဘယ်လောက်ကြောင်တောင်တောင်နိုင်လိုက်လဲ ရိပေါ်လိုဘာမဟုတ်တဲ့လူက အဲ့လိုကမ်းလှမ်းခံရလောက်အထိဆိုတော့ ကံကြမ္မာက ထပ်ပြီး သူ့ကို မျက်ခွက်ပြောင်ချင်နေပြန်ပြီထင်ပါရဲ့။

"ဗျာ ဖြစ်ပါ့မလား ကျတော်က"

"ဖြစ်ပါတယ် ယန်းလီပြတဲ့ ရိပေါ်ဆွဲထားတဲ့ designကိုကောကြည့်ရတာ အဆင်ပြေတာထက်တောင်လွန်နေပါတယ်"

ရိပေါ်နားမလည်သလို ယန်းလီကျဲကို ကြည့်လိုက်တော့ သူ့ကိုသွားလေးဖြဲပြလာသည့် ယန်းလီကျဲ။

" ဟီးး အရင်တခေါက်ကျဲ ယွမ်လေးဆီ လာလည်တုန်းကလေ အဲ့တုန်းက ပုံဆွဲလက်စ နဲ့ ပွင့်နေတဲ့ ရိပေါ်ရဲ့ laptop ကြောင့် ပုံလေးကို သဘောကျလို့ ခွင့်မတောင်းဘဲ ရိုက်သွားမိတာ "

"...."

" နောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုကလဲ ဒီဇိုင်းကုမ္ပဏီထောင်ပါမယ်ဆိုတော့ ကျဲက ရိပေါ်လေးဆွဲထားတဲ့ ပုံလေးကိုပြလိုက်တော့ ရိပေါ်လေးကိုလိုချင်ပါတယ်လို့ ဆိုလာလို့လေ တောင်းပန်ပါတယ် ရိပေါ်လေးကိုခွင့်မတောင်းဘဲ ပုံကိုရိုက်ခဲ့မိတဲ့အတွက်ကော ခုလို လာတွေ့မိတဲ့အတွက်ကော"

"မဟုတ်တာ ကျဲရယ် မတောင်းပန်ပါနဲ့"

" အဲ့ဒါဆို ကော ကမ်းလှမ်းတာကို လက်ခံပေးမယ်မလား"

"ဒါပေမဲ့ကျတော်က ဘာအတွေအကြုံမှမရှိတဲ့လူမို့....."

"အဲ့အတွက်တော့ဘာမှမစိုးရိမ်နဲ့ ကောတို့company က ခုမှ အသစ်ဆိုတော့ ဝန်ထမ်းတွေကိုလဲ အတွေ့အကြုံရင့်တဲ့လူတွေထက် တက်သစ်စလေးတွေကို ဦးစားပေးခန့်ချင်လို့ design နဲ့ ပတ်သက်ပြီးtraining ကာလလဲ ရှိတာမို့ အရမ်းကြီး အဆင်မပြေဖြစ်နေစရာမလိုပါဘူး ခုလိုလာကမ်းလှမ်းတာကလဲ ဘယ်သူ့မျက်နှာကြောင့်နဲ့မှ မဟုတ်ဘူးနော် ရိပေါ်က talent ရှိတဲ့လူငယ်တယောက်မို့  ကောက ခုလို လာကမ်းလှမ်းရခြင်းပါ"

Closer You & IWhere stories live. Discover now