အပိုင်း 1

14.7K 230 4
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"

🦋 အပိုင်း(၁) 🦋

ကားပေါ်ရောက်တည်းကလူကအာရုံတွေဝေဝါးနေခဲ့တာဘာကြောင့်မှန်းမသိ ကားမူးတတ်ပေမဲ့အခုအနေအထားကပိုဆိုးနေသည်
အရီးဒေါ်တုတ်ကသူမရဲ့နောက်ခုံမှာထိုင်ရသောကြောင့် ပို၍ဒုက်ခရောက်တာတမျိုး ခေါင်းကိုက်လို့မှီချင်ပေမဲ့ကျောပြင်ကိုမတ်ထားနေရသည် ဘေးခုံကလတ်မှတ်ဝယ်မရ မှတ်တိုင်တွင်ထို​ဘေးခုံကိုတက်လာမည့်သူရှိသည်မို့Spareကလဲ သစ်စာရှိနေတယ်ဘယ်သူ့မှအဲ့နေရာကိုမထိုင်ခိုင်း ဟူးး

"ကျွီ...:"

ကားရပ်ပီးမကြာပါ လူတယောက်သူမဘေးခုံကိုလာထိုင်သည် မျက်လုံးတွေဝါးနေတာမို့ဘယ်သူဆိုတာမကြည့်မိ

သေချာတာတစ်ခုကသူ့ဆီကရနံသင်းသင်းတခုက မူးနေတဲ့အရှိန်တွေကိုတော့သက်သာစေနိုင်ခဲ့သည်

"သမီးနေသာရဲ့လား ကားခနရပ်ခိုင်းပီး ဆေးဝယ်မလား"

အရီးကလှမ်းမေးတော့သူမငြင်းသည်

"ရပါတယ်အရီး သမီး အဆင်ပြေပါတယ်"

စိတ်မပူစေချင်၍ထိုသို့ပြောလိုက်သည်
ခုမှသူမဘေးကလူကိုကြည့်မိသည်

သူမတို့ရွာကချောပေ့ဆိုသည့် သူကြီးသားသန်းစိန်နဲ့တခြားစီ တကယ့်ယောက်ကျားပီသသောအမျိုးသားတယောက် မျက်ခုံးတန်းနှစ်ဖက်ကကွေးညွှတ်မှုမရှိသည့်အတွက်မျက်နာတပြင်လုံးမာကြည့်အကောင်းဆုံးက အဲ့မျက်ဝန်းတစ်စုံ မေးရိုးနှစ်ဖက်ကြောင့်မျက်နာကိုပင့်ယူထားသလိုရှိကာ လည်ပင်းကAdam's apple စေ့က အထင်းသား နှုတ်ခမ်းပါးတစုံက မာန်အပြည့်ဖြင့် တင်းတင်းစေ့ထားပေမဲ့ စကားပြောတိုင်းပေါ်လာတတ်သည့်သွားတက်ကလေးကဖုံးဖိမရ

လူတယောက်ကိုအဲ့လောက်ကြည့်တာမကောင်းဘူးဟုတွေးမိ၍သူမအာရုံလွှဲပစ်သည် ထိုလူကတော့ သူ့အလုပ်နှင့်သူဖုန်းတစ်လုံးနှင့်ရှုပ်နေသည်

"Hello တေဇလား ဒီမာကွာ ငါအငှားကားပေါ်ရောက်နေတာ"

"............"

"ဟဘယ်ကTaxiငှားရမာလဲဒီနေ့မြို့ထဲတစီးမှမတွေ့ဘူး အာ့ကြောင့် "

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now