အပိုင်း 16

3.7K 108 2
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
🦋 အပိုင်း(၁၆) 🦋

မူးဝေနောက်ကျိနေသည့်အာရုံတွေကိုစုစည်းရင်းမျက်လုံးဖွင့်ကြည့်တော့ သူမ အခန်းကျယ်တစ်ခုထဲရောက်နေသည်

°ဒါဘယ်နေရာလဲ.....?°

နောက်ဆုံးသတိရှိခဲ့တာ ကီးကီးကိုကားရှေ့ကကယ်လိုက်တာပဲ ပီးတော့လန့်ပီးသတိမေ့သွားတာဖစ်မာ

ဘယ်သူကဒီနေရာခေါ်လာတာလဲ!

"ဪ နိုး‌နေပီလား မိန်းမ"

နောက်ဘက်မှအသံကြားရာလှည့်ကြည့်တော့
ရေမခြောက်သေးသောဆံပင်တွေသုတ်ပီး ထွက်လာတဲ့ ဦး.....

"ရှင်........ရှင်ဘာလို့ဒီရောက်နေတာလဲ"

"ကိုယ့်အိမ်မာကိုယ်နေတာလေ ဘာဖစ်လို့လဲ"

"ဘာ.....ဒါရှင့်အိမ်...ဟုတ်လား"

"ဟုတ်တယ်လေ"

သူ့တပည့်‌ေတွကားရှေ့သတိမေ့လဲသွားသည့်သူမကို အခြားလူတွေမမြင်ခင် ပွေ့ခေါ်သွားပီး ဘယ်သူမှမဆက်သွယ်နိုင်သည့် ကလောကသူ့အိမ်သို့ခေါ်လာခဲ့သည်
သူမရဲ့မဂ်လာဝတ်စုံလဲပေးခဲ့တာလဲသူပဲ

"ဒါဆိုကျမကဘာလို့ဒီရောက်နေတာလဲ ရှင်ခေါ်လာတာလား"

"ဟုပ်တယ် မင်းဒီနေရာရောက်နေတာကိုယ့်ကြောင့်"

"ရှင်ကမဂ်လာပွဲမာရှိနေရမာလေ ဟိုမာညမလေးမျှော်နေပီ ပီးတော့ မြင့်မိုရ်ရော"

"အဲ့မြင့်မိုရ်ဆိုတာထည့်မပြောနဲ့ သူမင်းနဲ့ဘာမှမဆိုင်တော့ဘူး ခုမင်းကကိုယ့်မိန်းမဖစ်နေပီ"

°သူ့မိန်းမ° တဲ့

မဖစ်နိုင်တာ ငါလက်ထပ်မာမြင့်မိုရ်နဲ့လေ
သတိမေ့နေတဲ့အချိန်အတွင်းဘာ‌တွေကဖစ်ပျက်သွားတာလဲ

"ရှင် မဟုတ်တာမပြောနဲ့ ကျမလက်ထပ်မာမြင့်မိုရ်
ရှင့်ကိုမဟုတ်ဘူး ရှင့်မိန်းမဖစ်စရာအကြောင်းမရှိဘူး"

"အာ့ဆိုမင်းဘာလို့ကိုယ်နဲ့အတူရှိနေတာလဲ စဉ်းစားကြည့်လေ"

စဥ်းစားလို့မရ....ဒါဆိုသူမတို့မဂ်လာပွဲပျက်သွားပီလား
ကုတင်ပေါ်မှဆင်းထတော့ သူမဝတ်ထားသည့်ဝတ်စုံကဂါဝန်ဖစ်နေသည်
မဂ်လာပွဲအတွက် ချိတ်ရင်ဖုံးဝတ်ထားတာ ဘယ်လိုကြောင့်ဂါဝန်ဖစ်နေရတာလဲ

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now