အပိုင်း 13

3.3K 114 1
                                    


"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
        🦋 အပိုင်း (၁၃) 🦋

နာကျင်နေတဲ့အသည်းကိုအားပေးကာ မြင့်မိုရ်ပြန်လှည့်ထွက်လာသည်

°ဦစေညွှန်ကတကယ်သာမင်းချစ်တဲ့သူဆို ကိုယ်နောက်ဆုတ်ပေးမာပါ မင်းကိုပိုင်ဆိုင်ချင်တာထက်မင်းပျော်နေတာပဲမြင်ချင်တယ် ဒါပေမဲ့မင်းနှုတ်ကဖွင့်ပြောတာတော့ကြားချင်သေးတယ်°

လှိုင်းအပြင်ထွက်သွားတာမြင်တော့သူလဲမအိပ်ချင်သေးတာနဲ့စကားပြောဖို့နောက်ကလိုက်လာတာ သူမသဘော်ပေါ်တက်သွားတာမြင်ရတော့မှ  စိတ်လျှော့လိုက်သည်

'မဆုံးရှုံးချင်ပေမဲ့ လက်လွှတ်လိုက်ရလည်းကိုယ်ကျေနပ်ပါတယ်'

"ဦး ရပ်ပေးပါ ကျမသဘော်တခါမှမစီးဖူးဘူးကြောက်တယ်"

"ကြောက်ရင်ကိုယ်ဖက်ထားမယ်လေ"

"မလိုဘူးကျမကိုမထိနဲ့.....သဘော်ရပ်ဖို့ပြောပေးပါ"

သူမအတင်းတောင်းဆိုနေလည်းသူကတော့အေးဆေးစွာပဲ စားပွဲပေါ်မှဝိုင်သောက်နေသည်
ဘာရယ်မဟုတ် သူလုပ်သမျှတစ်ခုချင်းစီတိုင်းကိုကာရံလိုက်ကြည့်နေမိသည် ဝိုင်ခွက်ကိုင်သည့်လက်က သွေးကြောစိမ်းများထင်းနေပီး ခွက်ကိုလှုပ်နေသည်မှာလဲ ဟန်ကျလှသည်
ဘောင်ဘင်ခတ်နေတဲ့ဝိုင်တွေကိုသူမော့သောက်လိုက်တော့ ပေါ်လိုက်ပျောက်လိုက်နှင့် Adam's Appleက ယောက်ကျားပီသမှုရဲ့ သ‌င်ကေတလို့ဆိုရမာပင်

ဦးအရမ်းချောပါတယ် မိန်းလေးတွေ ကြွေခ ရလောက်သည်အထိ တည်ကြည်တယ် ဒါပေမဲ့ နှလုံးသားကတော့ကြမ်းတမ်းတယ်

"ပြန်မယ်ဆို အရံလှေရှိတယ် ဒီသဘော်ပေါ်ကနေခုန်ချရမာ ဘယ်လိုလဲပြန်မလား"

"အောက်ဆုံးထပ်မာလှေကားရှိတယ်မလား ကျမလှေကားကနေတက်လာပဲ အဲ့ကဆင်းမယ်"

သူမလှေကားနေရာသို့လျှောက်သွားတော့

"လှေကားက သဘော်စထွက်တည်းကခေါက်သိမ်းလိုက်ပီမင်းခုန်ချမှရမယ်"

ကာရံစိတ်ပျက်လက်ပျက်နှင့်ထိုင်ချလိုက်သည် ဘယ်လိုမှ ပြန်လမ်းမရှိ.....သူနဲ့လိုက်သွားရုံသာရှိတော့သည်
စိတ်ထဲကထင့်နေတာ သူ့အိမ်မာ သူတယောက်တည်းနေတာလား ?အခြားသူတေရောနေလား?  ပတ်ဝန်းကျင်ကရောလင်းရဲ့လား? ကမ်းခြေနားဆိုတော့မိကျောင်းတွေရောရှိလား?  သူကရော သူမမှည့်တပေါက်မစွန်း‌ေစပဲ စည်းစောင့်မာလား?
တွေးရင်းတွေးရင်း ကြက်သီးထကာ ဒူးနှစ်ဖက်ကိုပိုက်နေသည် နှုတ်ခမ်းတစုံကလဲကြောက်လို့တင်း‌တင်းစေ့ထားသည်

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now