အပိုင်း 23 Final

9.7K 182 25
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
🦋 အပိုင်း(၂၃) 🦋 Final

"ဟာ....မင်း...မင်းဒီအထိဘာလာလုပ်တာလဲ ငါ့မိန်းမမာငါရှိနေပီနော် မင်းသွားတော့"

အိမ်ရောက်တော့ ဧည့်ခန်း၌ထိုင်စောင့်နေတဲ့ နေမျိုးတင့်ကိုစေညွှန်ကတွေ့သွားပီး အူတိုနေသည်

"ကျနော်ကလဲ မကာရံကိုအကို့ဆီကမလုပါဘူး အမကအမြဲအကို့အပိုင်ဆိုတာသိပါတယ်"

သူ့စကားကြားတော့စေညွှန်အံ့ဩနေသည်
အဲ့ဒါဆိုကာရံဆီလာတာဘာကိစျစလဲ?

"ဒါဆိုမင်းဘာလို့ဒီရောက်နေတာလဲ....ငါ့မိန်းမရန်ကုန်မာရှိတော့လဲမင်းနဲ့ဆုံတယ်.....အခုဒီမာလည်းတွေ့ရပြန်တယ်....ဘာတွေလဲ"

ချာတိတ်ကသူ့စကားကိုလက်ကာပြပီး

"ကျနော်ရှင်းပြမယ်....ကျနော်အမဆီရောက်နေတာက ကျနော်တို့မောင်နှံ တရားရုံးမှာလက်မှတ်ထိုးတဲ့နေ့ဝတ်ဖို့ အထည်လာအပ်တာ...အကိုကျနော်ချစ်သူကိုမတွေ့ရသေးဘူးထင်တယ်"

ထိုစဉ် ဧည့်ခန်းထဲသို့ကာရံနှင့်ကောင်မလေးတယောက်ဝင်လာတယ်

"ဟိုမာ အမဘေးကကျနော့်ချစ်သူသီရိခင်ပါ"

သူတို့စကားကိုကာရံကဖြတ်မေးသည်

"ဘာတေဖစ်နေကြတာလဲ...ဦး"

နေမျိုးတင့်ကဖြေသည်

"ဒိီမာဗျာ အမယောက်ကျားက ကျနော့်ကိုအထင်လွဲနေလို့ရှင်းရတာ"

"ဪ အင်းသူကအဲ့အတိုင်းပဲ အမှန်မမြင်တတ်ဘူး"

ကာရံအပြောကိုစေညွှန်မျက်လုံးပြူးပြသည်
သူကပဲမှားရသလားဆိုပီး

"ဟုတ်ပါတယ် အကို ကျမက‌ ကိုနေချစ်သူပါ...ဒီကမမလက်ရာကိုကြိုက်လို့ ဒီဇိုင်းလာအပ်တာပါ"

ချာတိတ်ချစ်သူကဝင်ရှင်းပြသည်
စေညွှန်ခေါင်းညိတ်ပြပီး

"ဟုတ်ပါပီအကိုသဘောပေါက်ပါပီ...ဒီကညီSorryကွာ ချက်ချင်းဆိုတော့ လူကထူပူသွားပီးစွပ်စွဲသလိုဖစ်သွားတာ"

"ရပါတယ် အကို...အမကာရံကိုအကိုဘယ်လောက်ချစ်လဲဆိုတာကျနော်နားလည်သွားပီ...အမအရမ်းကံကောင်းတယ်သိလား...အကိုကအမအတွက်လက်တွဲဖော်အစစ်"

🎉 You've finished reading ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ေၾကကြဲခဲ့ေသာရင္တစ္စုံရဲ႕မာန[Complete]OC 🎉
ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now