အပိုင်း 6

3.4K 124 1
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"

       🦋 အပိုင်း(၆) 🦋

မနေ့ကသူမလုပ်လို့ပြုတ်ကျသည်များကိုဒီနေ့ရှင်းနေသည်မို့ သူဂိုဒေါင်အပြင်မှကြည့်နေသည်

"Diesel Oilတဲ့ ဒါဘယ်နေရာထားတာပါလိမ့်"

ကားပစ္စည်းတေထားတဲ့စင်ပေါ်မော့ကြည့်ရှာတော့ အပေါ်ဆုံးရဲ့ဒုတိယထပ်မာ သူမလက်ထဲမှဗူးများထားသည်မို့ လှေကားနှင့်တက်၍ပြန်ထားသည်
ခေါင်းလျှော်ထားသဖြင့်ဆံပင်တွေဖြန့်ချထားသည်မို့Shampooနဲ့သင်းသင်းက တချက်တချက်မွှေးနေသည်

"နင်ကအဲ့ပေါ်ရောက်တော့ငါလဲ အဲ့ပေါ်ထိလိုက်ထားရတာပေါ့ဟာ"

တယောက်တည်း Diesel ဗူးကိုစကားပြောနေသည်မို့ နောက်ကသူ အသံထွက်ရယ်ချင်စိတ်ကိုထိန်းထားရသည်

ခြေထောက်ကပတ်တီးနဲ့ကို လှေကားတက်သေးသည်
သူ့လဲဘယ်သူမှဒါတေမရှင်းခိုင်းပဲနဲ့

"အာ အာ အမေ့!"

ဟောကြည့်...ခုကိုပြန်ပြုတ်ကျသေးတယ်

လှေကားနားရောက်သွားပီး သူမကိုလှမ်းဖမ်းလိုက်သည် နွေးအိနေတဲ့ကိုယ်လုံးလေးသူ့လက်ထဲပြုတ်ကျလာသည်မို့ လက်လွှတ်ဖို့မေ့နေသည်

"ကျေးဇူးတင်ပါတယ် ဦး
ဦး....ဦး...!"

သူမခေါ်မှအသိ၀င်ကာအောက်ချပေးသည်

"လှေကားတက်နေတာမင်းခြေထောက်ကသက်သာပီမို့လို့လား သက်သာရင်လဲ ငါတခြားအလုပ်ခိုင်းမယ် လာ"

"မဟုတ်ဘူး မသက်သာသေးပါဘူး မနေ့ကကျမလုပ်လို့ပြုတ်ကျတာတေပြန်စီနေတာပါ ဦးဘာခိုင်းချင်လို့လဲ ခိုင်းပါ"

"ဖွားမင်းကိုခေါ်နေတယ် ဆေးသောက်ဖို့"

"ဟုတ်ဒါရှင်းပီးရင်သွားလိုက်ပါ့မယ်"

လှေကားကြီးမ,ရွှေ့ပီး တံမြတ်စည်းလှည်းနေသောသူမကိုကြည့်ကာစိတ်ရှုပ်နေသည်
အခြားမဟုတ် ဆံပင်တေဖြန့်ချထားသည်မို့ပူအိုက်ကာချွေးတေပြန်နေသည် သူမလက်ကလဲမသန့်တော့ဆံပင်ကိုခေါက်မတင်အား ထို့ကြောင့်

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWo Geschichten leben. Entdecke jetzt