အပိုင်း 19

3.6K 94 0
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
🦋 အပိုင်း(၁၉) 🦋

သူတို့လင်မယားအဝတ်ဗီရိုထားတဲ့အခန်းထဲက
ဂလောက်ဂလွပ်အသံတွေကြောင့် ကာရံဘာများဖစ်နေပီလဲဟုစေညွှန်စိတ်ပူပီး တံခါးဆွဲဖွင့်တော့.....

"ကာရံ....ဘာဖစ်တာလဲ...ဘာရှာနေတာလဲ"

ထမိန်ရင်လျားလေးနဲ့အဝတ်မလဲသေးပဲဗီရိုအောက်ကိုယ်လေးစောင်း၍ တခုခုရှာနေသည့်ကာရံ

သူ့ကိုလှည့်ပီးမေးလိုက်သည်

"ကျမရဲ့ငှက်ရိုးပုံဆွဲကြိုးလေးဘယ်မာလဲ"

"ဘယ်သိမလဲ မင်းဘယ်နေရာထားတာလဲ"

"ရှင်မသိဘူးဆိုတာမဖစ်နိုင်ဘူး ဒီအခန်းထဲဝင်တာရှင်နဲ့ကျမနှစ်ယောက်ပဲရှိတယ်.....ရှင်မယူထားရင်ဘယ်မာရှိနေရမာလဲ....ပြန်ပေး"

အဲ့ဆွဲကြိုးကို ကာရံဆွမ်း‌ေကျွးသွားတဲ့နေ့တည်းက လွှင့်ပစ်လိုက်တာ မြင့်မိုရ်လက်ဆောင်ပေးထားလို့သူမတန်ဖိုးထားနေတာသိတယ်
ဒါပေမဲ့အိမ်ထောင်ရှင်မတယောက်က အပျိုဘဝကလက်ဆောင်ဆိုတာတွေမရှိရဘူး
အထူးသဖြင့်ယောက်ကျားဖစ်သူ မနှစ်သက်တဲ့ ပစ္စည်းမျိုးတေ

"မရှိတော့ဘူး လွှင့်ပစ်လိုက်ပီ"

"ဟာ.....ရှင်နဲ့အဲ့ပစ္စည်းကဘာဆိုင်လို့ကိုင်ရတာလဲ
ရှင့်ကိုကျမကိစ္စတွေဝင်မပါဖို့ပြောထားတယ်မလား"

"ငါ့မိန်းမပစ္စည်း ငါကိုင်တာဘာဖစ်လဲ အဲ့ဆွဲကြိုးမင်းတန်ဖိုးထားမှန်းသိလို့လွှင့်ပစ်တာ....ရှင်းလား"

"ကျမကိုတန်ဖိုးထားတဲ့လူကပေးလို့ တန်ဖိုးထားတာ ရှင်နဲ့အနေသာကြီးပဲလေ.....!"

ကာရံစကားမဆုံးခင်သူဒေါကြီးပီးဖြတ်ပြောသည်

"မင်းမာယောက်ကျားရှိတယ် ငါဆင်တာပဲဝတ်ရမယ်
အဲ့အဖိုးမတန်တဲ့ ဆွဲကြိုးတစ်ကုံးနဲ့ ဘာလို့ထပ်စကားများနေရပြန်တာလဲကာရံ"

"အဲ့ဆွဲကြိုးတ‌စ်ကုံးကြောင့် ကျမဘယ်လောက်ပျော်ရလဲရောရှင်သိလား"

"ဂျိမ်း....!"

ဆွဲတံခါးအချောကိုဆွဲပိတ်လိုက်တော့ ကာရံမာဗီရိုနှင့်ကပ်နေရသည်

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now