အပိုင်း 17

3.5K 104 5
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
          🦋 အပိုင်း (၁၇) 🦋

ဖွားရင်ခွင်ထဲရှိုက်ငိုနေသည့်သူ့မိန်းမကို စေညွှန်ဘေးကထိုင်ကြည့်နေရသည်
ချော့ချင်ပေမဲ့ ဖွားဆူတာအရင်ခံရဦးမယ်

"မင်းရဲ့စိတ်ကိုငါတို့လုံးဝနားမလည်နိုင်တော့ဘူး နှစ်ဖက်လူကြီးတွေမျက်နာပျက်အောင်မင်းကြိုတင်ကြံစည်ခဲ့တာလား....ဟမ်!"

"ကျနော်မရည်ရွယ်ခဲ့ပါဘူး ဖွား.....
ကာရံကိုအဆုံးရှုံးမခံနိုင်တာတစ်ခုပဲသိတော့လို့ လုပ်မိလုပ်ရာလုပ်လိုက်တာ"

"မင်းလုပ်ရပ်ကအရမ်းအိုဗာဖစ်လွန်းနေပီ.....
မင်းတ‌ယောက်တည်း‌ေပျာ်ဖို့အတွက်သမီးရောငါတို့ရော တယောက်မှစိတ်မချမ်းသာကြဘူး
သမီးလေးကိုချစ်တယ်ဆို အစောတည်းကပွင့်ပွင့်လင်းလင်းပြောလေ..."

ဖိုးကလဲဆူတော့သူချောင်ပိတ်နေသည်

"ဖိုးနဲ့ဖွားကြိုက်သလို‌သာပြောပါ အရေးကြီးတာကာရံကိုကျနော်ပိုင်ဖို့ပဲ ခုကျနော်လိုချင်တာရပီ ဖစ်လာသမျှပြဿနာကျနော်ဖြေရှင်းမယ်"

ဒေါ်ဆင်းထည်ဝါကတော့ကာရံကိုသူ့မြေးနဲ့သာသဘောတူပါသည် ဟိုအရင်တည်းကပါပဲ
သမီးကမြင့်မိုရ်နဲ့လက်ထပ်မာသိရတော့ သူ့မြေးကိုချက်ချင်းခိုးပြေးစမ်းလို့တောင်ခိုင်းစေချင်သည်အထိ နှမြောခဲ့တာ

မြင့်မိုရ်လေးကသမီးကိုသိပ်ချစ်တာသိရတော့သူမဆန္ဒတွေကိုမြိုသိပ်ထားခဲ့ရတာ ခုအခြေအနေကလဲတမျိုးကောင်းတာပါပဲ ကံတရားကစေညွှန်နဲ့ကာရံကိုဖစ်လာစေခဲ့တာ နဖူးစာရွာလည်ခဲ့သည်ပေါ့

"သမီးလေးမငိုနဲ့တော့ဖွားကိုကြည့်"

ရွဲမျက်လုံးလေးနှင့်မော်ကြည့်လာသည့်ကာရံ

"အကယ်၍ဖွားမြေးကသမီးကိုထပ်အနိုင်ကျင့်ခဲ့ရင် ဖွားကိုလာပြော ခုသမီးမြေးကိုလက်ထပ်ရမယ်နော်"

"ဟင့်အင်းဖွား သမီးသူ့လိုအတ္တသမားကိုမယူချင်ဘူး"

ကာရံနဲ့သဘောတူညီချက်မယူရသေးသည်မို့ဝင်ပြောမယ်လုပ်တော့ ဖိုးကတားသည်

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now